Myanmar IT Academy 4နှစ်ပြည့် အထိမ်းအမှတ် Ebook & Video Training 12 GB Data တွေကို ပညာဒါန အနေနဲ့ အခမဲ့ လာရောက် ကူယူနိုင်ပါသည်။


လူကြီးမင်းများအားလုံး မင်္ဂလာပါခင်ဗျာ။
(8.6.2017) ဒီနေ့ ဆိုရင် ကျွန်တော်တို့ Myanmar IT Academy
(Network,Computer Training & Services Center) ၄ နှစ်ပြည့်တဲ့ နေ့လေးပါ။
မနှစ် က၃ နှစ်ပြည့် တဲ့အထိမ်းအမှတ်နဲ့ PC Hardware ပညာဒါန တန်းခွဲ
တွေကို စတင်သင်ကြားပေးခဲ့ပါတယ်။ ပညာဒါန Batch-1,Batch-2 တန်းခွဲက
Sunday only သင်ပေးခဲ့တာဖြစ်တဲ့အတွက် တန်းခွဲတစ်ခုကို ၆လ နီးပါးအချိန်ကြာခဲ့ပါတယ်။
အခုဆို ရင် ပညာဒါန တန်းခွဲကBatch-3 ကိုသင်ကြားနေလျက်ရှိပါသည်။
Batch-3 ကိုပိုမိုထိရောက်အောင် Sat,Sun 2 ရက်သင်ကြားနေပါသည်။
ကျွန်တော်တို့ကိုမေးနေကြ မေးခွန်းရှိပါတယ်၊ ပညာဒါန ကိုသင်တဲ့ Course နဲ့
Fees ပေးပြီးတက်တဲ့ Course ကို တူတူပဲလားတဲ့ :D
ပညာဒါန & Fees Class တွေကော Course တစ်ခုထဲ့ကိုသင်ပေးတာပါ။
ပညာဒါနအတန်းကို အချိန်မှန်မှန်နဲ့ တကယ်ပြီးဆုံးအောင် တက်သွာ:တဲ့
ကျောင်းသားတွေ ကတော့ IT နယ်ပယ်ထဲ့ ရပ်တည်နိုင်ဖို့အတွက်
အခြေခံကောင်းတွေ Troubleshoot Skill တွေ မြင်သွားမှာအမှန်ပဲဗျာ။
ဒီနှစ် ၄နှစ်ပြည့်ကို ကျွန်တော်တို့ Download ဆွဲထားပြီ စုဆောင်းထားတဲ့
အဖိုးတန်တဲ့  CEH V 9 Course & Tools, Palo Alto, Juniper, ASA Firewalls Basic Concepts,
F5,Check Point , CCNP Security Video Training များအပြင် Lab တွေ လေ့ကျင့်နိုင်အောင်
F5 ,Check Point, ASA Firewalls , Palo Alto, Fortigate VM Image, PfSense OS Image
စတဲ့ Firewall Device တွေရဲ့ ISO, VM Image များပါ တစ်ခါထဲ့ ပညာဒါနအနေနဲ့
အခမဲ့ ပေးသွားမှာပါ။အောက်မှာ Ebook & Video Training 12 GB Data တွေကို
မြင်သာအောင် Preview Video Create လုပ်ပေးထားပါတယ်။ Data များကို
လာရောက်ယူမည့်သူများ အရေးကြီးတာ က ကျွန်တော်တို့ ရုံးဖုန်းကို ကြိုဆက်သွယ်ပေးပါခင်ဗျာ။
ကျွန်တော်တို့ အလုပ် အားတဲ့အချိန်တွေ ကို ညှိပြီး ကူးပေးသွားပါမည်။ အရင် ပညာဒါန ပေးဖူးတဲ့
50 GB  Data ပါကူးချင်ရင်တော့ စုစုပေါင်း 62 GB ဖြစ်သွားမှာပါ။ ၄နှစ်ပြည့် ပညာဒါန ပေးမည့်
Data Size က12GB ပါ။ Data တွေ ပညာဒါန အနေနဲ့ပေးတဲ့ ရည်ရွယ်ချက်က တကယ် ပညာကို
လိုချင်ပြီ သင်တန်းတွေ မတက်နိုင်သေးတဲ့ သူတွေအတွက်Study လုပ်နိုင်အောင်
ရည်ရွယ်တာပါ။ Tutorial အားလုံး English Language နဲ့ပါ။ ကျွန်တော်တို့
ပညာဒါန ပေးတဲ့ Data တွေကို အကျိုးရှိရှိ အသုံးချနိုင်ရင်ကျေနပ်ပါပြီ။
ကျွန်တော်တို့ Myanmar IT Academy မှ သင်တန်းဆင်းသွားသော သင်တန်းသူသင်တန်းသားများ ၊ Blog ကို လာလည်သော မိတ်ဆွေများ ၊Facebook Page ကို လာလည်သွားသောမိတ်ဆွေများ၊
Facebook Group Member မိတ်ဆွေများ၊ Regular Customer ၊ 
Individual Customer များကို အားလုံးကို အထူးကျေးဇူတင်ပြီး 
စိတ်ချမ်းသာ၊ကိုယ်ကျန်းမာစွာ အလုပ်အကိုင်တွေ 
အဆင်ပြေ ကြပါစေလိုဆုတောင်းလိုက်ပါတယ်ခင်ဗျာ။



Myanmar IT Academy
(Network Computer Training & Services Center)

Address- No.11,6B, 3Quarter, Baho Street, Kamayut Township, Yangon, Myanmar.
လှည်တန်းဗဟိုလမ်း ခိုင်ရွှေဝါ မှတ်တိုင်အနီး

Phone-095165598 ,09795633869
Facebook Page- https://web.facebook.com/mitaitpage
Facebook Group- https://www.facebook.com/groups/MyanmarITAcademy


                                  Myanmar IT Academy 4 Years Anniversary
                                           


No comments:

Post a Comment

blogger gadgets and widgets



This blog content is copyright 2013-2015 to the blog owner you can't copy or edit content without its owner permision. Powered by Blogger, Template by blogger widgets