ဒီနေ့မနက်တော့ဗျာအစောကြီး နိုးနေတာနဲ Post တွေ တင်ဖြစ်သွားတယ်ဗျာ။ 
ကျွန်တော် ရထားတဲ့ APK Root Tools လေးတွေကို တင်ပေးလိုက်ပါတယ်။ 
အရင်တုန်းကဆို ဖုန်းကို Root လုပ် ဘိုဆို တော်တော်လေး အလုပ်ရှုပ်တယ်ဗျာ။
အခု လို ဖုန်းထဲ့ကနေ Root APK လေးတွေရှိတော့ အဆင်ပြေတာပေါ့ဗျာ။ ကျွန်တော်စမ်းကြည့်တာတော့ တော်တော်များများတော့အဆင်ပြေတယ်။ 
မရတဲ့ ဖုန်းတွေ လဲ တစ်ချို့တစ်လေ ရှိတယ်ဗျ။Computer နဲ Root လုပ်ရင်တော့ ဖုန်း 
Adb Driver လိုတယ်လေ အခုတော့ အလုပ်မရှုပ်တော့ဘူးပေါ့ဗျာ။ 
ကျွန်တော်ညီ ဖုန်း service သမားတစ်ယောက်ပြောတာတော့ 
Computer နဲ Root တာတော့ ပိုကောင်းတယ်တဲ့။ ဒါပေမဲ့လဲ Phone Driver
 ရှာ ခက်သော မိတ်ဆွေများအတွက် အဆင်ပြေပါတော့ဗျာ။
 အောက်ကနေ ဒေါင်းနိုင်ပါပြီခင်ဗျာ။


ပထမ တစ်ခုကတော့ Pro Myanmar Root APK လေးပါ။



နောက်တစ်ခုကတော့  Su Boo Root Tool APK လေးပါ။


ကျွန်တော် ဒီ APK လေးတွေ ကို IT Su Boo က တွေ့ လို Share လိုက်တာပါခင်ဗျာ။

IT SuBoo သို့ သွားရန် http://itsuboo.blogspot.com/

နောက်ဆုံးတစ်ခု ကတော့ phone တွေ ကို Root ဖောက်တာ အရမ်း လွယ်စေခဲ့တဲ့ VRoot APK လေးပါခင်ဗျာ။ ဒါလေး တော့ MMSD ကတွေ့လို share ပေးတာလေ။


Root လုပ် ပြီးရင်တော့ Zaw Gyi Font Changer နဲ Myanmar Keyboard တွေလိုသေးတယ်နော်။ ကျွန်တော် စုထားတဲ့ Myanmar Font Changer နဲ Keyboard တွေ အချိန်ရရင်တင်ပေးလိုက်မယ်။
အားလုံးပဲ မင်္ဂလာ မနက်ခင်းပါ ခင်ဗျာ။