2017 မဟာသင်္ကြန် အပြီး (24.4.2017) မှာ စမည့် PC Hardware တန်းခွဲအသစ်ကို တက်ချင်သူများအတွက် သတင်းကောင်းပါလိုက်ပါတယ်။


  


လူကြီးမင်းများအားလုံး မင်္ဂလာပါခင်ဗျာ။ ကျွန်တော်တို့ Myanmar IT Academy
Training Center မှ PC Hardware တန်းခွဲ အသစ် ဖွင့်မည့်
အကြောင်းသတင်းကောင်းပါလိုက်ပါသည်။
ဒီတန်းခွဲကတော့ Monday To Friday ထိ သင်ကြားမှာဖြစ်ပြီး
သင်တန်းကာလက 5 Weeks ပဲ သင်ကြားမှာပါ။
အဓိက က သင်္ကြန်အပြီး နယ်က သင်တန်းတက်ချင်တဲ့သူတွေက
အလုပ်ခွင့်ယူ ပြီးသင်ကြားချင်တယ်လို့တောင်းဆိုတာနဲ့
ဒီတန်းခွဲလေးသင်ကြားဖြစ်သွားတာပါ။
ကျွန်တော်တို့ ပုံမှန်သင်ကြားနေကြ Course တွေ အပြင်
Update Course တွေပါ အောက်မှာဖော်ပြပေးထားပါတယ်။
Training Contents နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေ
ပြည့်ပြည့်စုံစုံသိလိုလျင် အောက်မှာပေးထားတဲ့
Training Contents Blog Link မှာ ၀င်ဖတ်နိုင်ပါသည်။
ဒီ သင်တန်းပြီးရင်တော့ PC Hardware နဲ့ပတ်သက်တဲ့ Concepts တွေ
အပြင် System Administrator တစ်ယောက်ဖြစ်ဖို့အတွက်
အခြေခံကောင်းတွေရရှိနိုင်ပါသည်။ Linux OS Installation Video Tutorial
တွေ ကို 4လပိုင်း သင်္ကြန်ပိတ်ရက်တွေ မတိုင်ခင်
ကျွန်တော်တို့ Youtube Channel မှာ တင်ပေးသွားပါမည်။
PC Hardware Update Course
=================
Microsoft Server 2008/2012 OS Intallation
Microsoft Server 2012 R2 (Core OS Installation)
Linux Ubuntu/Red Hat/ Open SUSE OS Installation
Linux Kali/Fedora/ Mint/Cent OS Installation
Linux Cent OS (Core) Minimal OS Installation
PXE LAN Boot Concepts
PC Hardware တန်းခွဲ Time Table
===============
Time: Monday To Friday (9:30am – 11:30am)
Duration : 5 Weeks
Training Contents အပြည့်အစုံဖတ်ရန်
===============
https://myanmaritacademy.blogspot.com/p/welcome-to-myanmar-it-academy-computer.html




PC Hardware တန်းခွဲ တက်ရောက်မည့် Students Requirement
1. လိုင်စင် ဓာတ်ပုံ၂ပုံ
2. Computer Basic, အခြေခံရှိရမည်။
3. Fees : 10,0000 ကျပ်
4. နည်းပညာကိုစိတ်ဝင်စားပြီး သင်တန်းကိုအချိန်မှန်မှန်တက်ရန်
သင်တန်းမှန်မှန်တက်ပြီး တကယ်တတ်မြောက်မှသာလျှင်သင်တန်းဆင်း
လက်မှတ်ထုတ်ပေးမည်ဖြစ်ပါသည်။
Myanmar IT Academy
( Network, Computer Training & Services Center)
Address- No.11,6B, 3Quarter, Baho Street, Kamayut Township,
Yangon, Myanmar.
Phone-095165598 ,09795633869
Email-myanmaritacademy@gmail.com
Facebook Page- https://web.facebook.com/mitaitpage
Facebook Group- https://www.facebook.com/groups/MyanmarITAcademy

CompTIA Netwrok+, Security+, A+, Linux+ Video Tutorial ကောင်းတွေလေ့လာချင်သူများအတွက်



ကျွန်တော် ဒီနေ့တော့ CompTIA ပတ်သက်ပြီး လေ့လာချင်သူများအတွက်
Youtube က Tutorial Page ကောင်းတာလေတစ်ခုတွေ့လိုလှမ်းညွန့်လိုက်ပါတယ်။
Professor Messer ဆိုတဲ့ Youtube Page လေးပါ။
Video Tutorial ပေါင်း 800 နီးပါး လောက်ရှိတယ်ဗျ။
CompTIA Netwrok+ ကိုသေချာလေ့လာနိုင်ရင်
Networking နဲ့ ပတ်သက်ပြီး Theory တွေ ကောင်းကောင်း
နားလည်သဘောပေါက်နိုင်ပါပြီး။
တခြား Security+, A+, Linux + တို့လဲ
ထိုနည်းအတိုင်းပါပဲ။
English လို့ရှင်းပြထားတဲ့ Tutorial တွေပါ
စိတ်ဝင်စားပြီ လေ့လာမူအားကောင်းရင်
English စာ နဲ့ ပတ်သက်ပြီး
Listening Skill တွေ သိသိသာသာ
တိုးတက်နိုင်လာမှာပါ။
Self Study is the Biggest Learning. :D
ကျွန်တော်တို့ လမ်းညွန့်ပေးတဲ့
Video Tutorial တွေ လေ့လာပြီး
ကောင်းကောင်းအသုံးချနိုင်ရင် ကျေနပ်ပါပြီဗျာ။





Network ပေါ်က Boot တက်ပြီ: Hard Disk Clone လုပ်ပြထားတဲ့ Video Tutorial လေ့လာချင်သူများအတွက်



ကျွန်တော် ဒီနေ့တော့ AOMEI Backupper Standard Software ကိုအသုံးပြီ:
Network ထဲ့က Lan PXE Boot ဖြင့် Hard Disk Clone Tutorial လေးတင်ပေးလိုက်ပါတယ်။
အရင်တုန်းက Lan Boot PXE လုပ်ဖို့ ဆိုရင် Microsoft Server 2003 မှာ
Remote Installation Services ထဲ့ကနေ Windows ခွေကို Share ပြီ: ပြုလုပ်ရတာပါ။
ဒီအတိုင်းပဲ Linux မှာ လဲ PXE Boot ကို ပြုလုပ်နိုင်ပါတယ်။
ဒီ Tutorial ထဲ့မှာတော့ Microsoft Server ကော Linux ကော မသုံးပဲနဲ့
ရိုးရိုး Windows 7 64 Bit OS ပေါ်ကနေ
AOMEI Backupper Standard Software ထဲ့က
PXE Lan Boot Service ကို ဖွင့်ပြီ:
DLC Boot CD iso ထည့်ပြီး Run ထားမယ်
တစ်ဖက်က PC တစ်လုံးက BIOS ထဲ့မှာ PXE Lan Boot ကို Enable လုပ်ပြီ:
Boot တက်မှာဖြစ်ပါတယ်။ Boot တက်ပြီရင်တော့
Acronics ကို အသုံးပြုပြီး Hard Disk Clone လုပ်ပြထားပါတယ်ဗျာ။
ဒီ Video Tutorial ထဲ့မှာ ကျွန်တော် သေချာအသံ သွင်းပြီ:
ရှင်းပြထားပါတယ်ဗျာ။ စာရှင်းပြတဲ့ဆရာအသံကောင်းတယ်နော် :D
Myanmar Idol  :D ၀င်ပြိုင်ဖို့စဉ်စားနေတယ်  :D
AOMEI Backupper Standard Software & DLC Boot CD မရှိသူများအတွက်ကော
Download Link ပြန် Share ပေးထားပါတယ်။
ဒီ Video Tutorial လေ့လာပြီရင်တော့
PXE LAN Boot & Hard Disk Clone လုပ်တာကို
နားလည်နိုင်ပါပြီ။ Video Tutorial တွေ လေ့လာပြီ:
ကောင်းကောင်းအသုံးချနိင်ရင်ကျေနပ်ပါပြီခင်ဗျာ။









Microsoft Windows 10 Installation GPT Partitions Create ,GPT to MBR Convert Video Tutorial လေ့လာချင်သူများအတွက်



ကျွန်တော်ဒီနေ့တော့ GPT Partitions Create Video Tutorial လေးတင်ပေးလိုက်ပါတယ်။
GPT Partitions Create မလုပ်ခင် သိသင့်တဲ့ Knowledge လေးပြောပြလိုက်ပါတယ်။
Microsoft Windows တွေ မှာ အခုအချိန်ထိတော်တော်များများ Master Boot Record (MBR)
ကို အသုံးများသေးပါတယ်။ MBR  တွေမှာ Hard Disk တွေ ကို Partitions Create လုပ်ရင်
Primary Partitions 4 ခုထိပဲ အများဆုံး Create လုပ်နိုင်ပါတယ်။ HD တွေ ရဲ့ Partitions Size
ကလဲ အများဆုံး 2 TB ထိပဲ Create လုပ်နိုင်ပါတယ်။ အဲ ဒီအားနည်းချက်တွေကို
GUID Partition Table (GPT) မှာ ပိုကောင်းလာပါတယ်။ အဓိကကတော့  GPT  က
Primary Partitions တွေကို အများကြီး Create လုပ်နိုင်ပါတယ်။ နောက်ပြီ
 GPT မှာ partitions တစ်ခုရဲ့ Size ကို 2TB အထက် Partitions တွေ Create လုပ်နိုင်လာပါတယ်။
ပုံမှန် PC တွေက  2 TB Partitions ကို Create လုပ်ပြီးမသုံးပေမယ်။ Data တွေ အများကြီး Storage
Server  တွေ မှာတော့လိုအပ်ပါတယ်။ ဒီလောက်ဆိုရင်တော့ GPT,MBR အကြောင်းသိလောက်ပါပြီ။
ထပ်ပြောချင်တာ  နောက်ပိုင်း Generation မြင့်တဲ့ PC တွေမှာ Windows Install  လုပ်ရင်
Hard Disk တွေကို GPT ကို အသုံးပြုနိုင်ပါပြီ။ ပြသနာက GPT  Hard Disk Partitions တွေကို
OS Install လုပ်ရင် အခက်အခဲတွေရှိနိုင်ပါတယ်။ ကျွန်တော် ဒီ Video Tutorial  ထဲ့မှာ
GPT Partitions Create လုပ်ပြ ထားပြီး Diskpart Command နဲ့ Hard Disk
Partitions ကို Clean လုပ်ပြီး Windows 10 ကို Install လုပ်ပြထားပါတယ်။
Windows Install မလုပ်ခင် Partitions ပိုင်းတဲ့နေရာ မှာ
Command Prompt (Shit+F10) အရင်ဖွင့်ပြီးမှ 
Disk Part Command ကို အသုံးပြုနိုင်မှာပါ။
ဒီ Video Tutorial ကြည့်ပြီ ရင် GPT Partitions Create, GPT to MBR Convert,
MBR to GPT Convert တွေ  သဘောတရားတွေသိနိင်ပါတယ်။
ဒီ Tutorial ထဲ့ မှာ DLC 2016 Boot CD ကို အသုံးပြုထားပါတယ်။
DLC Boot CD မရှိသေးသူများ DLC Boot CD  Link ပါ ပြန်တင်ပေးထားပါတယ်။
ဒီ Video Tutorial ကို Youtube မှာ Upload လုပ်ထားတာ
အခုမှာ Post တင်ဖြစ်တာ။ ကျွန်တော်တို့ MITA က
Video Tutorial တွေကြည့်ပြီ ကောင်းကောင်းအသုံးချနိုင်ရင် ကျေနပ်ပါပြီဗျာ။



How to Create Microsoft Windows One Key Recovery Partition Video Tutorial လေ့လာချင်သူများအတွက်



ကျွန်တော်ဒီတစ်ခါတော့ Microsoft Windows တွေကိုတစ်ခါတင်ထားပြီးရင်ထပ်တင်စရာမလိုတဲ့ 
Windows တစ်ခုလုံး ကို Windows ခွေ မလို ၊ တခြား System Recovery Boot ခွေတွေ 
တစ်ခုမှမလိုတဲ့ အလွယ်ကူဆုံး One Key Recovery Restore 
အလွယ်လုပ်နည်းလေး လမ်းညွန့်လိုက်ပါတယ်။ 
Computer Service သမားတွေကတော့ One Key Recovery ဆို ကြားဖူးကြမှာပါ။
အခုနောက်ပိုင်း Laptop တွေ ၀ယ်ရင် Original Recovery ပါတဲ့ 
Windows တွေမြင်ဖူးကြမှာပါ။ Dell ၊ Lenovo ၊ Acer ၊ Laptop တွေ အသီးသီးမှာ 
ပါတဲ့အတိုင်း Recovery ပုံစံမျိုးနဲတူတူပါပဲ။
ကျွန်တော် One Key Recovery ပြုလုပ်နည်းကို လွန်ခဲ့တဲ့ ၁နှစ်လောက်ကတည်းက 
User Guide Ebook ကို Blog မှာတင်ပေးထားပြီးသားပါ။ 
ဒီ တစ်ခါတော့ Video Tutorial လေး Create လုပ်ပြီးပြန်တင်ပေးထားတာပါ။
Video Tutorial,Ebook, Software ပါပေးထားပါတယ်ခင်ဗျာ။
 Video Tutorial တွေ လေ့လာပြီး
ကောင်းကောင်းအသုံးချနိင်ရင်ကျေနပ်ပါပြီခင်ဗျာ။





Microsoft Windows Command Line Video Tutorials ကောင်းတွေလေ့လာချင်သူများအတွက်



ကျွန်တော် ဒီနေ့တော့ Windows Command Line စပြီးလေ့လာချင်သူများအတွက်
Youtube က Tutorial Page ကောင်းတာလေတစ်ခုတွေ့လိုလှမ်းညွန့်လိုက်ပါတယ်။
Thenewboston ဆိုတဲ့ Youtube Page လေးပါ။ 
Video Tutorial ပေါင်း 4200 ကျော်လောက်ရှိတယ်ဗျ။
တစ်ခြား Video တွေလေ့လာချင်ရင် အဲဒီ Page ရဲ့ Play List ထဲ့ဝင်ရှာကြည့်ဗျာ။
Microsoft Command Line စလေ့လာချင်သူများ အတွက် လိုအပ်တာကတော့
Computer Basic အခြေံကောင်းကောင်းရှိဖို့ပဲလိုပါတယ်ဗျာ။
နောက်ပြီ စိတ်ဝင်စားပြီ လေ့လာမူအားကောင်းရင် ပိုအဆင်ပြေတယ်ဗျာ။
စုစုပေါင်း Video Tutorial 9 ခု ပါတယ်။
No.1-Introduction to the Command Prompt
No.2-Listing Files and Directories
No.3-Opening Files and History
No.4-Creating and Removing Directories
No.5-PATH Variable
No.6- Drives and Changing Colors
No.7- File Attributes
No.8- Deleting and Appending to Files
No.9- Copying and Moving Files
စတာတွေလေ့လာနိုင်ပါတယ်ဗျာ။
ကျွန်တော်ကို CMD အကြောင်းသိချင်လို့မေးထားသူများကော
လေ့လာချင်သူများကော လမ်းညွန့်ပေးတဲ့
Video Tutorial တွေ လေ့လာပြီး
ကောင်းကောင်းအသုံးချနိုင်ရင် ကျေနပ်ပါပြီဗျာ။




Microsoft Windows 10 Password ပြုလုပ်နည်း Unlock Video Tutorial လေ့လာချင်သူများအတွက်



ကျွန်တော် ဒီနေ့တော့ Windows 10 Password မေ့သူသူများအတွက်ကော
အကြာင်းအမျိုးမျိုးကြောင့် Windows Password အခက်အခဲဖြစ်သူများအတွက်
Password unlock ပြုလုပ် နည်း Video Tutorial တင်ပေးလိုက်ပါတယ်။
Windows 10 Password Unlock လုပ်ဖို့ အတွက်
Ultimate DLC System Boot CD လိုပါတယ်။
ထုံးစံအတိုင်း Password Reset ချဖို့အတွက်
Fist Boot ကို CD နဲတက်ပေါ့ဗျာ။အကယ်၍ USB Boot လုပ်ထားရင်လဲ
USB Boot နဲ့တက်ပေါ့ဗျာ။ ကျွန်တော် အရင်ကလဲ
Windows 7 Password Reset ချနည်း Tutorial တင်ထားပေးဖူးပါတယ်။
အခု Tutorial ထဲ့မှာတော့ အခု Ultimate DLC System Boot 2016  Version
 ခွေနဲလုပ်ပြထားတာပါ။ DLC 2016 ခွေလဲ Blog မှာ တင်ပေးထားပါတယ်။
2016 Boot CD ကျတော့ Password Reset Tools တွေပိုလွယ်ကူလာပါတယ်။
Ulimate DLC Boot CD မရှိသေးသူများအတွက်
2014,2016 ကော Link ပြန်တင်ပေးထားပါတယ်။
Windows7 Password Reset ချနည်းလေ့လာချင်သူများအတွက်ကော
Link ပြန် တင်ထားပေးပါတယ်ဗျာ။
လေ့လာချင်သူများ အဆင်ပြေပါစေဗျာ။
ကျွန်တော် တင်ပေးလိုက်တဲ့ Video Tutorial
လေ့လာပြီးကောင်းကောင်: အသုံးချနိုင်ရင် ကျေနပ်ပါပြီးဗျာ။






Mac OS & Microsoft Windows 7 File Sharing, Mac Os Internet Connection Sharing Video Tutorial လေ့လာချင်သူများအတွက်





ကျွန်တော်ဒီနေ့တော့ Mac os & Microsoft Windows 7 File Sharing Video Tutorial
 လေးတင်ပေးလိုက်ပါတယ်။ File Sharing Tutorial ထဲ့မှာ
Windows 7 ကလဲ File Share လုပ်မယ်ဗျာ၊
အဲဒီအတိုင်းပဲ Mac OS ကလဲFile Share လုပ်မယ်ပေါ့ဗျာ။
ပုံမှန် File Sharing လုပ်ဖူးတဲ့ User တွေကတော့ Windows 7 File Sharing
ကိုရင်းနှီးကျမှာပါ။ File Sharing မရင်းနှီးဘူးဆိုလဲ ဒီ Tutorial ထဲ့မှာ လေ့လာနိုင်ပါတယ်။ 
Mac OS ကတော့ User တွေ စိမ်းနေတတ်တယ်ဗျာ။ 
platform မတူတဲ့ Os နှစ်ခု File Sharing လေ့လာကြည့်ပေါ့ဗျာ။
နောက် Tutorial တစ်ခုကတော့ Networking စလေ့လာရင်
Microsoft OS တွေမှာ ICS အကြောင်းကိုလေ့လာဖူးကြမှာပါ၊
ICS ရဲ့ အရှည်ခေါက်ကတော့ Internet Connection Sharing ပါ။
ICS လုပ်မယ့် PC မှာ Network Card 2 Cards ရှိ ရပါမည်။ 
NIC တစ်ခု က Wan ပေါ့ဗျာ။ နောက် NIC တစ်ခုက LAn ထားပေးရပါမည်။
Wan Interface က နေLan Interface ကို Internet Connection Sharing လုပ်တဲ့သဘောပါ။
ဒီတစ်ခါတော့ Mac OS မှာ Network Card 2ခု ထားပြီး 
Internet Connection Sharining လုပ်ပြထားတာပါ။ ဒီ Tutorial 2ခု လေ့လာဖြစ်ရင်တော့
Mac OS File sharing, Mac Os Internet Connection Sharing 
သဘောတရားတွေနားလည်သွားမှာပါ။
ကျွန်တော်တို့တင်ပေးလိုက်တဲ့ Video Tutorial လေ့လာပြီး
ကောင်းကောင်းအသုံးချနိုင်ရင် ကျေနပ်ပါပြီးဗျာ။





blogger gadgets and widgets



This blog content is copyright 2013-2015 to the blog owner you can't copy or edit content without its owner permision. Powered by Blogger, Template by blogger widgets