Hello Everybody ကျွန်တော် ဒီနေ့ နေ့ခင်းတော့ Microsoft Server 2016 နဲ့ ပတ်သက်တဲ့ Tutorial တစ်ခု တင်ပေးလိုက်ပါတယ်။ Microsoft Server 2016 User Profile & Map Network Drive Config Lab Tutorial လေးပါ။ ဒီ Tutorial Lab ပုံစံမျိုးကို ကျွန်တော် Server 2008,2012 မှာလဲ တင်ပေးဖူးပါတယ်။ Configutraion မလုပ်ခင် User Profile ဆိုတာ သိသင့်တဲ့ Concepts တွေ ရှင်းပြထားပါတယ်။ ပြီးရင်တော့ User တွေရဲ့ Profile တွေကို Local Profile ကနေ Roming Profile အဖြစ်ပြောင်းပြီ User Profile တွေ Server မှာ သိမ်းနိုင်အောင် Config ပြုလုပ်ပေးမှာပါ။နောက်တစ်ခုအနေနဲ့ Server မှာ ရှိတဲ့ သက်ဆိုင်ရာ OU ထဲ့က User တွေ Login ၀င်လိုက်တာနဲ့ Map Network Drive တွေ Auto Mount လုပ်နိုင်အောင် config ပြုလုပ်မှာပါ။ သက်ဆိုင်ရာ OU မှာ GPO Create လုပ်ပြီ Map Network Drive တွဲပေးမှာပါ။ အိုကေ ဒီလောက်ဆိုရင်တော့ Tutorial ထဲ့ ဆက်လေ့လာရင် မြင်လောက်ပါပြီ။ Tutorial တွေကို လေ့လာပြီရင် တကယ် Lab ပြန် လုပ်နိုင်အောင်ကြိုးစားပါ။ ဒီ Tutorial ကတော့ Microsoft Exam ဖြေမယ့်သူများအတွက်ရော၊ လုပ်ငန်းခွင်မှာ အသုံးချမည့်သူများအတွက်လည်း အသုံးဝင်ပါသည်။ ကျွန်တော်တို့ လမ်းညွှန်ပေးတဲ့ Video Tutorial တွေ လေ့လာပြီး ကောင်းကောင်းအသုံးချနိုင်ရင် ကျေနပ်ပါပြီဗျာ။

 

https://youtu.be/bITESOlltXQ

 

 

Microsoft Server 2016 UserProfle & MapNetwork Drive Configuration Video Tutorial