Hello everybody ကျွန်တော် ဒီတစ်ပတ်မှာတော့ Cisco CSR Router နဲ့ ပတ်သက်တဲ့ Tutorial တစ်ခုတင်ပေးလိုက်ပါသည်။CSR ဆိုတာကတော့ Cisco Cloud Services Router ကိုဆိုလိုတာပါ။ software defined networking ဆိုတဲ့ အတိုင်း Cloud Base or Virtualization Base တွေ Run မယ့် Router တွေကို ဆိုလိုတာပါ။ ကျွန်တော် အရင်က EVE-ng မှာ Cisco ASAv image ကို Run ပြထားပြီ NAT lab တွေ ကိုသင်ပေးထားပြီးသားပါ။ ASAV ဆိုတာကတော့ Cisco Adaptive Security Virtual Appliance ဆိုလိုတာပါ။ခုနက ကျွန်တော်ပြောသလိုပဲ Virtualization or Cloud Base တွေ Run မည့် Cisco Firewall ကိုဆိုလိုပါသည်။ အိုကေ ဒီနေ့တော့ CSR 1000V Router ကို VMware Esxi 6.5 ထဲ့ကို Deploy လုပ်တာသင်ပေးထားပါသည်။ နောက် အပတ်တွေထဲ့မှာ အချိန်ရရင် CSR 1000v NAT lab တွေ ဆက် သင်ပေးပါမည်။ အိုကေ Tutorial ကြည့်ပြီး Lab တွေ ပြန်စမ်းကြည့်ပေါ့ဗျာ။ CSR 1000v image မရှိသေးသူများအတွက် Lab စမ်းနိုင်အောင် Download Link တွေကို ကျွန်တော်တို့ YouTube Page က သက်ဆိုင်ရာ Tutorial အောက်က Description မှာ ရော Website မှာပါ ထည့်ပေးထားပါသည်။ ကျွန်တော်တို့ လမ်းညွှန်ပေးတဲ့ Video Tutorial တွေ လေ့လာပြီး ကောင်းကောင်းအသုံးချနိုင်ရင် ကျေနပ်ပါပြီဗျာ။
https://youtu.be/5dlEp1Mgrus
Cisco Cloud Services Router 1000v Deploy in VMware Esxi 6.5 Video Tutorial
0 Comments