Hello everybody ကျွန်တော် ဒီတစ်ပတ်မှာတော့ Mikrotik CHR နဲ့ ပတ်သက်တဲ့ Tutorial တစ်ခုတင်ပေးလိုက်ပါသည်။ ကျွန်တော် ရှေ့တစ်ပတ်လောက်တုန်းက Mikrotik CHR 6.42.7 ကို VMware Esxi 6.5 မှာ Deploy လုပ်တာ သင်ပေးပြီးသားပါ။ ကျွန်တော် အရင်က Mikrotik NAT config ကို EVE-ng ထဲ့မှာ Lab လုပ်ပြထားတဲ့ Tutorial ကို တင်ပေးပြီးသားပါ။ဒီနေ့ Lab ကတော့ Multi Lan NAT လို နာမည်ပေးထားပါသည်။ ပြီးခဲ့တဲ့ အပတ်ကတင်ပေးတဲ့ Cisco CSR 1000V ကို Multi Lan NAT Lab ပုံစံမျိုးပါပဲ။ အဓိက ကတော့ ကိုယ်ရဲ့ Project or Office ဖြစ်ဖြစ် Network ၂ခု ခွဲထားချင်တယ် အဲဒီ Network ၂ခုလုံးလဲ Internet ပေးသုံးချင်ရင် Network ၂ခုလုံးကို NAT ရေးပေးရမှာပါ။ Eg.Network တခုက Server တွေ သီးသန့်ထားမယ့် (DMZ) ပဲ သဘောထားပေါ့ဗျာ၊နောက် Network တခုက User တွေ သုံးမယ့် Network အဲလို ခွဲသုံးမယ်ပေါ့ဗျာ။ အိုကေ ဒီ မှာတော့ ကျွန်တော် အရင် က သင်ပေးဖူးတဲ့ Lab config ပုံစံမျိုးမဟုတ်ပဲ Network ၂ခုလုံးကို Source Address Network တစ်ခုခြင်းဆီကို NAT Rule ရေးပြီး config လုပ်ပြထားပါသည်။ Network ၂ခုလုံး Internet ရပြီး ဆိုရင် Network ၂ခုလုံးအတွက် DHCP Scope config ဆက်ရေးပြထားပါသည်။ ကျွန်တော် ဒီ Lab ကိုလဲ Command Base နဲ့ပဲ Lab လုပ်ပြထားပါသည်။ Lab ပြန်စမ်းနိုင်အောင် Command Noteတွေကို ကျွန်တော်တို့ YouTube Page က သက်ဆိုင်ရာ Tutorial အောက်က Description မှာ ရော Website မှာပါ ထည့်ပေးထားပါသည်။ ကျွန်တော်တို့ လမ်းညွှန်ပေးတဲ့ Video Tutorial တွေ လေ့လာပြီး ကောင်းကောင်းအသုံးချနိုင်ရင် ကျေနပ်ပါပြီဗျာ။

 

Command Note Link 

https://www.myanmaritacademy.com/2018/03/20/mikrotik-routerboard-nat-dhcp-configuration-lab-in-eve-ng-video-tutorial/

 

https://youtu.be/H_Cz4zh26yU

 

 

Mikrotik CHR 6.42.7 Multi Lan NAT Lab Video Tutorial