Unicode Version ======
Hello Everybody ကျွန်တော် ဒီနေ့ညနေ ခင်း အချိန်ရတုန်းလေး Microsoft Server 2019 မှာ Hyper-V နဲ့ပတ်သက်တဲ့ Tutorial တစ်ခုတင်ပေးလိုက်ပါသည်။ ဒီ Tutorial ထဲ့မှာ Microsoft Server 2019 Hyper V ထဲ့မှာ Run ထားတဲ့ VM တွေကို Backup ယူပုံကို သင်ပေးထားတာပါ။ ကျွန်တော် အရင်က VM တွေကို Export ထုတ်ပုံကို VMware Esxi မှာကော VMware Workstation မှာပါ သင်ပေးထားပါသည်။ virtualization server တွေ သာ အမျိုးအစားကွဲသွားပေမယ့် VM တွေ Export သဘောတရားကတော့ တူတူပဲဖြစ်ပါသည်။ကျွန်တော်ကတော့ Hyper V ထဲ့မှာ Run ထားတဲ့ VMက Mikrotik Router OS ဖြစ်တဲ့ အတွက် VM က Storage Usage နည်းတဲ့ အတွက် Export ထုတ်ပြတဲ့အခါ အချိန် ခဏလေးနဲ့ ပြီသွားမှာပါ။ real က virtualization server တွေမှာ run နေတဲ့ Server vm တွေက Storage များရင် များသလောက် Backup ယူရတာ အချိန်ပေးရမှာဖြစ်ပါသည်။ ကျွန်တော်ဒီမှာ Check Point နဲ့ပတ်သက်တဲ့ Knowledge တစ်ခုပြောပြပေးလိုက်ပါသည်။ check point ဆို တာကတော့ ကျွန်တော်တို့ Microsoft Windows တွေမှာ အရင်ကသုံးခဲ့တဲ့ system restore ပုံစံမျိုုး ပါ မိမိ server os က 19 ရက်နေ့မှာ error တက်နေရင် server os က 15 ရက်နေ့မှာ ကောင်း တဲ့ system check point တစ်ခု ရှိရင် System restore လုပ်ပြီ ပြန်သွားနိင်တဲ့သဘောပါ။ အခုနောက်ပိုင်း Server တွေနဲ့ Firewall တွေမှာလဲ Check point စနစ်ပါတာတွေ ရှိပါသည်။ System Administrator တွေ အနေနဲ့ ဒီ Check Point လေးတွေကို သတိထားမိရင် Troubleshoot လုပ်ရတာ အဆင်ပြေပါသည်။ ကျွန်တော် သဘောကျမိတာက Microsoft Server တွေရဲ့ Hyper V မှာ ဒီလို Check Point စနစ်ပါပါသည်။ နောက် တစ်ခုက Firewall အနေနဲ့ကတော့ ကျွန်တော်တို့ သုံးခဲ့တာကြာပြီ ဖြစ်တဲ့ PFsense Firewall မှာလဲ ပါပါသည်။ အိုကေ ဒီလောက်ဆို check point သဘောတရားကိုမြင်လောက်ပါပြီ။ Check Point Firewall နဲ့တော့ မမှားနဲ့ပေါ့ဗျာ။ :D Hyper V ထဲ့က VM ကို Export ပြုလုပ်တဲ့ Tutorial ကို You Tube ကနေ ကြည့်နိုင်သလို ကျွန်တော်တို့ Facebook Page or Website ကနေပါ လေ့လာနိုင်အောင် တင်ထားပေးပါသည်။ ကျွန်တော်တို့ လမ်းညွှန်ပေးတဲ့ Video Tutorial တွေ လေ့လာပြီး ကောင်းကောင်းအသုံးချနိုင်ရင် ကျေနပ်ပါပြီဗျာ။
https://youtu.be/ABUsBkjav5s
How to Export Microsoft Hyper-V Virtual Machine Video Tutorial
0 Comments