Unicode ==== Hello Everybody ကျွန်တော် ဒီနေ့နေ့ ခင်း အချိန်ရတုန်းလေး Myanmar Fonts နဲ့ ပတ်သက်တဲ့ Tutorial တစ်ခုတင်ပေးလိုက်ပါသည်။ ကျွန်တော်တို့ လွန်ခဲ့တဲ့ 2 နှစ်လောက်ကတည်းက ရုံးသုံး User တွေအတွက် Computer မှာ Unicode အသုံးပြုတဲ့ နည်းလမ်းတွေ Tutorial တွေ တင်ထားပြီးသားပါ။ အခု Tutorial က လဲ ကျွန်တော်လဲ လုပ်ပေးမယ် ဆိုပြီး အချိန် မအားဒါနဲ့ မလုပ်ဖြစ်တာ အချိန်က တော်တော်ကြာသွားပါသည်။ အခုတစ်လော ကျွန်တော်ကို ခဏခဏလာမေးနေကြတဲ့ Question တစ်ခုဆိုရင် မမှားဘူးပေါ့ဗျာ၊ Computer မှာ Unicode ပြောင်းသုံးတဲ့ User တွေ Browser မှာ Unicode ကော Zawgyi ကော ဖတ်ချင်သူများအတွက် ဘယ်လို ဖတ်လို့ရသလဲဆိုတဲ့ နည်းလမ်းလေးကို ပြောပြပေးထားပါသည်။ ကျွန်တော် ဒီမှာ User တွေ အသုံးများတဲ့ Google Chrome နှင့် Mozilla Firefox Browser ၂ခုလုံးမှာ ပြထားပေးပါသည်။ ရှင်းရှင်းပြောပြရရင် Google Chrome နှင့် Mozilla Firefox ကို Computer မှာစပြီ Install ပြုလုပ်ပြီးသည့်နှင့် Unicode ကို တန်းပြီ ဖတ်လို့ရပြီးသားပါ။အကယ်၍ Unicode & Zawgyi ကို နှစ်ခုလုံးဖတ်ချင်ပါက Brower မှာ Extensions ထပ်ထည့်ပြီ အသုံးပြုမည်ဆိုလျှင် အဆင်ပြေနိင်ပါသည်။ကျွန်တော်တို့ အရင်တုန်းက အသုံးပြုတဲ့ပုံစံမျိူး Browser မှာ Zawgyi Font ကို အသေပြောင်းလိုက်ပြီးမှ ကျွန်တော်အခုပြောတဲ့ Browser မှာ Extension ထည့်သုံးရင် အဆင်မပြေနိင်ပါ။ Browser ကို စပြီ Install လုပ်ပြီကတည်းက Default Font အတိုင်း အသုံးပြုထားရင် Extension ထည့်ပြီ သုံးရင် အဆင်ပြေနိင်ပါသည်။ Fonts ၂ခု ကို Browser မှာ ဖတ်လို့ ရအောင် Convert ပြုလုပ်တာဖြစ်တဲ့အတွက် Browser ကို တစ်ခါတစ်လေ refresh ပြုလုပ်ပြီ ပြန်အသုံးပြုမှာသာ အဆင်ပြေမှာပါ။ အိုကေ ဒီလောက်ဆိုရင်တော့ နည်းနည်းသဘောပေါက်လောက်မယ် ထင်ပါသည်။ ကျွန်တော် Tutorial ထဲ့မှာ ပြထားတဲ့ နည်းလမ်းအတိုင်း အသုံးပြုမည့်ဆိုလျှင် Google Chrome နှင့် Mozilla Firefox မှာ Zawgyi & Unicode Fonts ၂ခုလုံးကို ဖတ်လို့အဆင်ပြေမှာဖြစ်ပါသည်။ Tutorial ကို You Tube ကနေ ကြည့်နိုင်သလို ကျွန်တော်တို့ Facebook Page or Website ကနေပါ လေ့လာနိုင်အောင် တင်ထားပေးပါသည်။ ကျွန်တော်တို့ လမ်းညွှန်ပေးတဲ့ Video Tutorial တွေ လေ့လာပြီး ကောင်းကောင်းအသုံးချနိုင်ရင် ကျေနပ်ပါပြီဗျာ။
https://youtu.be/puIcViV7HC4
How to read Zawgyi Font & Unicode Font on Google Chrome or Mozilla Firefox
0 Comments