Hello Everybody ကျွန်တော် ဒီနေ့နေ့လည် အချိန်ရတုန်းလေး Tutorial အသစ် တစ်ခု တင်ပေးလိုက်ပါသည်။ 2020 Valentine Day မှာ အပြင်မသွားပဲ study လုပ်မယ့်သူများအတွက် ဆိုရင် မမှားဘူးပေါ့ဗျာ။ ကျွန်တော်ဒီနေ့ synology ကို လေ့လာမယ့်သူများအတွက် VMware Workstation မှာ အသုံးပြုနိင်မယ့် နည်းလမ်းလေးကို သင်ပေးထားပါသည်။ NAS ဆိုတာ ဘာလဲဆိုတာ မသိသေးသူများအတွက် NAS ဆိုတာကို မြင်နိင်အောင် အခြေခံတွေကိုပါပြောပြပေးထားပါသည်။ အကယ်၍ Synology NAS ကို ရိုးရိုး PC မှာ အသုံးပြုလိုသောသူများအတွက် ကျွန်တော် ဟိုတစ်လောက လမ်းညွန်ပေးဖူးပါသည်။ အကယ်၍ မသိလိုက်သော သူများ ကျွန်တော် ဒီ Tutorial ထဲ့မှာလေ့လာမယ့် Tutorial link ကို ပြန်ပြပေးထားပါသည်။ Lab ပြန်စမ်းမယ့်သူများအတွက် Synology VM image ပါတစ်ခါထဲ့တင်ပေးထားပါသည်။ Download Link ကိုတော့သက်ဆိုင်ရာ Tutorial Post မှာ ကျွန်တော်တို့ Website မှာဝင်ပြီ download ဆွဲပါ။ VMware Workstation ထဲ့က VM တွေနဲ့ external network နဲ့ Bridge ပြုလုပ်ပုံကို ပြန်သင်ပေးထားပါသည်။ :D ကျွန်တော်တို့ MITA က တင်ထားပေးတဲ့ Tutorial တွေကို မလေ့လာခင် Website မှာ ရေးထားပေးတဲ့ သက်ဆိုင်ရာ Tutorial ရဲ့ post မှာ လိုအပ်တာတွေ ဖတ်ပြီး မှ လေ့လာမည်ဆိုလျှင် ပိုပြီး မြင်နိင်ပါသည်။ ကျွန်တော်ဆီ လာမေးတဲ့ Question တော်တော်များများက ကျွန်တော်တို့ post တင်ကတည်းက ရှင်းပြထားပြီးသား ဖြစ်နေတာများပါသည်။ Tutorial ကို You Tube ကနေ ကြည့်နိုင်သလို ကျွန်တော်တို့ Facebook Page or Website ကနေပါ လေ့လာနိုင်အောင် တင်ထားပေးပါသည်။ ကျွန်တော်တို့ လမ်းညွှန်ပေးတဲ့ Video Tutorial တွေ လေ့လာပြီး ကောင်းကောင်းအသုံးချနိုင်ရင် ကျေနပ်ပါပြီဗျာ။

Zaw Gyi


 

https://youtu.be/8Rx3LkGH5kI

 

Synology running on VMware Workstation 15.5 Tutorial 

 

Synology VM Image Download