
Zaw Gyi Version ==== Hello Everybody ကျွန်တော် ဒီနေ့ ‌နေ့လည်အချိန်ရတုန်းလေး Tutorial အသစ် တစ်ခု တင်ပေးလိုက်ပါသည်။ ကျွန်တော် ဒီရက်တွေထဲ့မှာ Mac OS Hackintosh တွေ စမ်းသုံးနေရင် Mac OS မှာ Tutorial လေးတွေ လုပ်ဖြစ်ထားပါသည်။ အခု Tutorial နောက်တစ်ခုကတော့ Mac OS အတွက် PyiTaungSu Fonts နဲ့ KeyMagic ကို Download လုပ်တဲ့ Website တွေနှင့် install မလုပ်ခင် လိုအပ်တာတွေပါပြောပါသည်။ ကျွန်တော်တို့ အခုနောက်ပိုင်း Windows တွေမှာ PyiTaunSu ကိုသီးသန့် install မလုပ်တော့ပဲ အခု Mac OS မှာ သုံးပြတဲ့အတိုင်း KeyMagic ကိုသွင်းလိုက်တာ Font ပါတစ်ခါတဲ့ install လုပ်ပြီးသားဖြစ် ၍ Ctrl+Space ကို အသုံးပြုပြီ စာတင်အသုံးပြုနိင်မှာ ဖြစ်ပါသည်။ KeyMagic ကို install ပြုလုပ်ပြီးတာနဲ့ Microsoft Windows တွေမှာတန်းပြီ အသုံးပြုလို့ ရနိင်ပေမယ့် Mac OS မှာတော့ system preferences ထဲ့ ဝင်ပြီ input source ထဲ့မှာ keymagic ကိုရွေးပေး ရဦးမှာဖြစ်ပါသည်။ Mac OS Hackintosh တွေစမ်းသုံးရင် Mac OS အတွက် Tutorial လေးတွေဆက်တင်ပေးသွားပါမည်။ Tutorial ကို You Tube ကနေ ကြည့်နိုင်သလို ကျွန်တော်တို့ Facebook Page or Website ကနေပါ လေ့လာနိုင်အောင် တင်ထားပေးပါသည်။ ကျွန်တော်တို့ လမ်းညွှန်ပေးတဲ့ Video Tutorial တွေ လေ့လာပြီး ကောင်းကောင်းအသုံးချနိုင်ရင် ကျေနပ်ပါပြီဗျာ။

 

https://youtu.be/mPJ7ZeC_eRA

 

 

PyiTaungSu Font & KeyMagic Installation on Mac OS Tutorial