Hello Everybody ကျွန်တော် ဒီနေ့ ‌နေ့လည်အချိန်ရတုန်းလေး Tutorial တစ်ခုတင်ပေးလိုက်ပါသည်။ လွန်ခဲ့တဲ့ တစ်ရက်နှစ်ရက်လောက်က နယ်ကညီတစ်ယောက်က သူ Computer ထဲ့မှာ External Hard Disk ထဲ့က Data တွေ Hidden ဖြစ်နေတာကို cb ကနေ အကူအညီတောင်းတာနဲ့ ကျွန်တော် any desk နဲ့ ဝင်ပြီကူညီရင်း ဒီ Tutorial လေးကို Record လုပ်ဖြစ်သွားတာပါ။ Computer system administrator တွေက တော့ virus ကြောင့် hidden ဖြစ်တာတွေကို ကြုံဖူးကြမှာပါဗျာ။Data တွေကို Hidden လုပ်တဲ့ Virus တွေ အကြောင်းကို Knowledge ရအောင် ကျွန်တော် နည်းနည်းဆွေးနွေးပေးမယ်ဗျာ။ ဒီလို virus တွေက Computer or External Hard Disk ‌တွေထဲ့က Data ‌တွေကို Hidden လုပ်ဖြစ်တာမျိုးပေါ့ဗျာ။ WindowsXP ‌ခေတ်တုန်းကဆို Data တွေရဲ့ Folder ကို Hidden လုပ်ပြီ shortcut Folder ကိုပြန်ထုတ်ပေးတဲ့ပုံစံမျိုး Shortcut virus က နေစခဲ့တာပါလို့ ပြောရမှာပဲဗျာ။ အခုခေတ် Windows 10 ထိကို shortcut virus တွေရှိနေပါသေးသည်။ မူရင်း Folder တွေကို Hidden လုပ်ထားပြီ Shortcut folder ထုတ်တာကတော့ သိတ်မပြင်းသေးဘူးပေါ့ဗျာ။ Folder option ထဲ့ကနေ show hidden ‌တွေကို ဖော်ပြီ ကြည့်ပြီရင်ဗျာ။ Folder နည်းရင် command ကနေ dir /a နဲ့ Hidden folder ‌တွေက်ို Attrib command ‌လေးနဲ့ ပြန်ဖော်လို့ရနိင်ပါသည်။ Folder တွေများရင်တော့ Attrib tools တစ်ခုခုနဲ့ ဖြည်ပေါ့ဗျာ။ ဒီ shortcut virus ဟာ ကျွန်တော်တို့လက်ရှိ အပြင်မှာဖြစ်နေတဲ့ covid 19 virus လိုပေါ့ဗျာ။ အချိန်ကြာလာတာနဲ့ virus version အသစ်တွေ တဖြည်းဖြည်း ပြောင်းလာကြရောဗျာ။ အခုကျွန်တော် video tutorial hidden ပြန်ဖော်ပြထားတဲ့ virus က shortcut virus version အသစ်လို့ပြောရမယ်ဗျာ။ ဒီ virus အလုပ်လုပ်ပုံက Data ‌တွေကော Data ရှိတဲ့ Folder တွေကို Removable Device icon ပုံစံတစ်ခု နဲ့ Folder တစ်ခု ထဲ့ကို အကုန်ထည့်ပစ်လိုက်တာဗျာ။ ပြီးတော့ Folder ကို နာမည်မပေးထားပဲ Hidden လုပ်ပစ်ထားရောဗျာ။ အဲဒီမှာ user က Folder option ကနေ Show hidden ဖော်ကြည့်ရင်တောင် ရုတ်တရက် Data ကို မတွေ့ရဘူး ဖြစ်ရော command ကနေ dir /a ကနေ ကြည့်ရင် လဲ folder name မရှိတဲ့ အတွက် Command မှာပါ မမြင်ရဘူးပေါ့ဗျာ။ အခုနောက်ပိုင်းက shortcut Virus version အသစ်လိုပဲ ဆိုရမယ်ဗျာ အဲဒီ အတိုင်းကို အလုပ်လုပ်တာတွေများလာပါသည်။ ကျွန်တော် အဲဒါလေးကို Hidden ပြန်ဖော်ပြထားပါသည်။ Computer system administrator တွေ အနေနဲ့ကတော့ သိတ်မခက် လောက်ပါဘူးဗျာ။ မသိသေးသောသူများ ကြုံလာရင်တော့ ဒါလေးကြည့်ပြီ ဖြေရှင်းလို့ရတာပေါ့ဗျာ။ ဒီလို Data တွေကို Hidden လုပ်တဲ့ နောက်ထပ် virus တစ်မျိုးရှိသေးတယ်ဗျာ။ System monitor ဆိုတဲ့ Virus ပါ။ အဲဒီ virus လဲ အလုပ်လုပ်တာ တော်တော်ပြင်းပါသည်။ ကံကောင်းတာက Computer ထဲ့က Data တွေကို ransomware လို ဖွင့်မရအောင် မလုပ်တာကို ကျေးဇူးတင် မယ်လို့ ပြောရမယ်ဗျာ။ :D System monitor ဆိုတဲ့ virus ကဘယ်လို အလုပ်လုပ်သလဲဆိုတာ ကျွန်တော် အကြမ်းမျဉ်းပြောပြမယ်ဗျာ။ ဒီ virus က Computer ထဲ့ဝင်သွားရင် Windows ရဲ့ Desktop ပေါ်က Data တွေကို အကုန် Hidden လုပ်ပြီ Windows Partition ထဲ့မှာ system monitor ဆိုတဲ့ Folder ဆိုပြီ သွားဖွက်ဖြစ်တာ တစ်ခြား Partition D: E: ထဲ့ မှာ ရှိတဲ့ Data တွေလဲ အဲဒီအတိုင်းပဲ အကုန်လုံးကို သက်ဆိုင်ရာ Partition ထဲ့မှာ System monitor ဆို့တဲ့ Folder ထဲ့ထည့်ပြီ hidden လုပ်ပစ်တာမျိုးပါ။ ဆက်ပြီသိချင်သူများ System monitor virus အကြောင်းကို ရှာဖတ်ကြည့်ပါ။ ကျွန်တော်တို့ ကြုံဖူးတာက Removable ထိုးလိုက်တာနဲ့ Data တွေ အကုန်ဖျက်ပစ်လိုက်တဲ့ Virus ‌တွေလဲ ကြုံဖူးပါသည်။ ကျွန်တော် သတိပေးချင်တာ အရေးကြီးတဲ့ Data တွေရှိတဲ့ USB or External Hard Disk တွေကို တွေ့တဲ့ Computer မှာ လွယ်လွယ်ထိုးပြီ မသုံးသင့်ပါ။ အကြမ်းသုံးဖို့ USB Removable Storage device တစ်ခု ဆောင် ထားသင့်ပါသည်။ ဒီလောက်ဆိုရင် Data ‌တွေကို Hidden လုပ်တဲ့ Virus အကြောင်း Knowledge လေးတွေ မြင်လောက်ပြီလို့ ထင်မိပါသည်။ Tutorial ကို You Tube ကနေ ကြည့်နိုင်သလို ကျွန်တော်တို့ Facebook Page or Website ကနေပါ လေ့လာနိုင်အောင် တင်ထားပေးပါသည်။ ကျွန်တော်တို့ လမ်းညွှန်ပေးတဲ့ Video Tutorial တွေ လေ့လာပြီး ကောင်းကောင်းအသုံးချနိုင်ရင် ကျေနပ်ပါပြီဗျာ။
Zaw Gyi Version =======
https://youtu.be/20mTL7wh2r0
How to recover hidden file from virus infected USB Stick or External Hard Disk