Hello Everybody ကျွန်တော် ဒီနေ့ နေ့လည်မှာ Tutorial တစ်ခုထပ်တင်ပေးလိုက်ပါသည်။ ထုံးစံအတိုင်းကျွန်တော် ရဲ့ VMware Esxi Server ထဲ့မှာပဲ deploy လုပ်ထားတဲ့ Tutorial တစ်ခုပါ။ Centos 8.0 Core server ကို os installation လုပ်ထားပြီးသား VM ကို export ထုတ်ထားတဲ့ ovf image ကို VMware Esxi 6.5 ထဲ့ကို ပြန်ထည့်ပြီ run တဲ့ပုံစံ မျိုးပြထားပေးထားပါ။ Centos 8.0 core server ကို VMware Esxi 6.5 ထဲ့မှာ run ပြီရင် ကျွန်တော်တို့ အရင် Centos version အနိမ့်တွေမှာ IP နဲ့ network interface တွေကို စစ်နေကြ command ဖြစ်သော ifconfig ကို အသုံးပြုနိင်အောင် net-tools package install လုပ်တာ လေးပါပြထားပေးပါသည်။ ကျွန်တော်အရင်က VMware Esxi 6.5 ထဲ့မှာ Cisco 1000v,Mikrotik CHR တို့ကို ထည့်သွင်းအသုံးပြုတဲ့ပုံစံမျိုးပါ။ Centos ကို အစအဆုံး OS installation လုပ်တာ အခုမှလေ့လာမယ့်သူတွေကတော့ ကျွန်တော် အရင် နှစ်တွေကတင်ထားတဲ့ Centos 7.0 Tutorial တွေမှာ ပြန်လေ့လာနိင်ပါသည်။ ကျွန်တော်အရင်က Centos 7.0 Core mini os installation, Network Interface တွေ IP Assign ဝင်ပြင်တာတွေ နဲ့ NAT Lab တွေကိုသင်ပေးပြီသားပါ။ Centos 7.0 os တင်တာသေချာသိပြီ ဆိုရင် အခု 8.0 ကိုOS install လုပ်ရင် ကောင်းကောင်းမြင်သွားမှာပါ။ Centos 8.0 server မှာ wordpress installation သင်ခန်းစာကို နောက်ရက်တွေမှာ တင်ပေးသွားပါမည်။ လိုက်စမ်းချင်သော သူများ မိမိ PC မှာ centos 8.0 os Installation တင်ထားကြပါခင်ဗျာ။ Centos 8.0 Download လုပ်ရမယ့် Link တွေကိုလဲ Tutorial ထဲ့ လမ်းညွန်ထားပါသည်။ Tutorial ကို You Tube ကနေ ကြည့်နိုင်သလို ကျွန်တော်တို့ Facebook Page or Website ကနေပါ လေ့လာနိုင်အောင် တင်ထားပေးပါသည်။ ကျွန်တော်တို့ လမ်းညွှန်ပေးတဲ့ Video Tutorial တွေ လေ့လာပြီး ကောင်းကောင်းအသုံးချနိုင်ရင် ကျေနပ်ပါပြီဗျာ။
Zaw Gyi Version ======= Hello Everybody ကၽြန္ေတာ္ ဒီေန႔ ေန႔လည္မွာ Tutorial တစ္ခုထပ္တင္ေပးလိုက္ပါသည္။ ထံုးစံအတိုင္းကြ်န္ေတာ္ ရ႔ဲ VMware Esxi Server ထဲ့မွာပဲ deploy လုပ္ထားတ့ဲ Tutorial တစ္ခုပါ။ Centos 8.0 Core server ကို os installation လုပ္ထားၿပီးသား VM ကို export ထုတ္ထားတ့ဲ ovf image ကို VMware Esxi 6.5 ထ့ဲကို ျပန္ထည့္ၿပီ run တဲ့ပုံစံ မ်ိဳးျပထားေပးထားပါ။ Centos 8.0 core server ကို VMware Esxi 6.5 ထ့ဲမွာ run ၿပီရင္ ကြ်န္ေတာ္တို႔ အရင္ Centos version အနိမ့္ေတြမွာ IP နဲ့ network interface ေတြကို စစ္ေနၾက command ျဖစ္ေသာ ifconfig ကို အသံုးျပဳနိင္ေအာင္ net-tools package install လုပ္တာ ေလးပါျပထားေပးပါသည္။ ကြ်န္ေတာ္အရင္က VMware Esxi 6.5 ထဲ့မွာ Cisco 1000v,Mikrotik CHR တို႔ကို ထည့္သြင္းအသံုးျပဳတ့ဲပံုစံမ်ိဳးပါ။ Centos ကို အစအဆံုး OS installation လုပ္တာ အခုမွေလ့လာမယ့္သူေတြကေတာ့ ကြ်န္ေတာ္ အရင္ ႏွစ္ေတြကတင္ထားတ့ဲ Centos 7.0 Tutorial ေတြမွာ ျပန္ေလ့လာနိင္ပါသည္။ ကြ်န္ေတာ္အရင္က Centos 7.0 Core mini os installation, Network Interface ေတြ IP Assign ၀င္ျပင္တာေတြ နဲ့ NAT Lab ေတြကိုသင္ေပးၿပီသားပါ။ Centos 7.0 os တင္တာေသခ်ာသိၿပီ ဆိုရင္ အခု 8.0 ကိုOS install လုပ္ရင္ ေကာင္းေကာင္းျမင္သြားမွာပါ။ Centos 8.0 server မွာ wordpress installation သင္ခန္းစာကို ေနာက္ရက္ေတြမွာ တင္ေပးသြားပါမည္။ လိုက္စမ္းခ်င္ေသာ သူမ်ား မိမိ PC မွာ centos 8.0 os Installation တင္ထားၾကပါခင္ဗ်ာ။ Centos 8.0 Download လုပ္ရမယ့္ Link ေတြကိုလဲ Tutorial ထ့ဲ လမ္းၫြန္ေပးထားပါသည္။ Tutorial ကို You Tube ကေန ၾကည့္နိုင္သလို ကၽြန္ေတာ္တို႔ Facebook Page or Website ကေနပါ ေလ့လာနိုင္ေအာင္ တင္ထားေပးပါသည္။ ကၽြန္ေတာ္တို႔ လမ္းညႊန္ေပးတဲ့ Video Tutorial ေတြ ေလ့လာၿပီး ေကာင္းေကာင္းအသုံးခ်နိုင္ရင္ ေက်နပ္ပါၿပီဗ်ာ။
https://youtu.be/7VU4jmWi2Yg
Centos 8.0 Core Server Running on VMware Esxi 6.5 Tutorial
0 Comments