Hello Everybody မင်္ဂလာပါခင်ဗျာ။ ကျွန်တော်ဒီနေ့ ညနေတော့ ညီလေး ရဲထက်ကျော်ရဲ့ Cisco NAT lab လေးတစ်ခု တင်ပေးလိုက်ပါသည်။ ကျွန်တော် Cisco NAT lab တွေကို အရင်နှစ်တွေတုန်းက VMware Esxi မှာCSR Router, GNS3 နဲ့သုံးတုန်းကလဲ 7200 Router တွေနဲ့ Tutorial တွေကိုတင်ပေးဖူးပါသည်။ အခု Tutorial နဲ့ပတ်သက်ပြီ အောက်မှာ ညီလေးရဲထက်ကျော် ဆက်ပြီရှင်းပြထားလေဖတ်ပြီ Tutorial ကို လေ့လာနိင်ပါသည်။ ဒီ Video လေးက ဘာအတွက်ရည်ရွယ်ထားလဲဆိုတော့ ကျနော်တို့ရဲ့ Network Engineer တွေဟာ ISP တွေ, Enterprise Network တွေမှာအလုပ်လုပ်နေကြပါတယ်။ အလုပ်လုပ်တဲ့အခါ Internet Protocol Version 4 ကို အဓိကလုပ်ကိုင်ရတာများပါတယ်။ အားလုံးသိထားတဲ့အတိုင်းပါပဲ ကျနော်တို့လက်ရှိသုံးနေကြတဲ့ IPv4 တွေဟာ ကုန်သလောက်နီးပါးရှိနေကြပါပြီ။ အဲ့လိုဖြစ်နေတဲ့ IPv4 Block တွေကို ကျနော်တို့တွေက Subnetting တို့ခွဲပြီး အဆင်ပြေအောင်သုံးနေကြရပါတယ်။ အဲ့လိုသုံးနေကြတဲ့အထဲမှာ NAT ကလည်း တစ်ခုပါ၀င်နေတယ်ဆိုရင် မမှားပါဘူး။ အဲ့ဒါတွေအတွက် ကျနော်တို့က NAT အကြောင်းကိုသိထားသင့်ပါတယ်။ ဒီ Video လေးမှာပြထားတာကတော့ NAT ဟာဝင်လာတဲ့ Packet တွေကို ဘယ်လို Translate လုပ်လဲ, ရောက်လာတဲ့ Packet တွေကို ကြည့်ပြီးတော့ Layer 2/3 ဘယ်လို Changes လုပ်သွားလဲ, Routing Decision တွေကို ဘယ်လိုချကြလဲဆိုတာကို သိရမှာဖြစ်ပါတယ်။ ဒီ Video လေးမှာ သာမန်အားဖြင့် ကျနော်တို့သိထားတဲ့ Static NAT, Dynamic NAT, PAT အပြင် ISP တွေမှာ သုံးကြတဲ့ Dynamic NAT + PAT အခြေခံလေးတွေကိုပါသိသွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။ Theory ကိုအဓိက အသားပေးပြောထားတာဖြစ်တဲ့အတွက် နားမလည်တာရှိရင် ထပ်ခါတစ်လဲလဲ နားထောင်ကြည့်ချင်းဖြင့် NAT ကို သဘောပေါက်နားလည်လာလိမ့်မယ်လို့ ယူဆမိပါတယ်။ လေ့လာခဲ့ဘူးတဲ့ Videos Tutorials တွေ, သင်ကြားပြသပေးခဲ့ဘူးတဲ့ ဆရာတွေရဲ့ သင်ကြားပြသမှုတွေကို အခြေခံပြီး ရှင်းပြထားတာဖြစ်တဲ့အတွက် တစ်ခုခုလိုအပ်ချက်ရှိခဲ့ပါက ကျနော့်ရဲ့ လိုအပ်ချက်ဖြစ်ပါတယ်ခင်ဗျာ... အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ..... ကျွန်တော်တို့ Myanmar IT Academy ရဲ့ Telegram channel လေးဖွင့်ထားပါသည်။ website မှာ link ပေးထားပါသည်။ နောက်ပိုင်း Tutorial အသစ်တစ်ခုတင်တိုင်း Telegram မှာပါ တင်ပေးသွားပါမည်။ Tutorial ကို You Tube ကနေ ကြည့်နိုင်သလို ကျွန်တော်တို့ Website ကနေပါ လေ့လာနိုင်အောင် တင်ထားပေးပါသည်။ ကျွန်တော်တို့ လမ်းညွှန်ပေးတဲ့ Video Tutorial တွေ လေ့လာပြီး ကောင်းကောင်းအသုံးချနိုင်ရင် ကျေနပ်ပါပြီဗျာ။

 

https://youtu.be/qe8lYFRS3Gc

 

 

 

Cisco NAT Lab Tutorial

 

Join Our Telegram Channel to Easily Visiting our Site Here