Hello everybody မင်္ဂလာပါခင်ဗျာ။ ကျွန်တော်ဒီနေ့ ညနေတော့ ညီလေး ရဲထက်ကျော်ရဲ့ Tutorial အသစ်တစ်ခုကို ထပ်တင်ပေးလိုက်ပါသည်။ အောက်မှာရှင်းပြထားတာလေးဖတ်ပြီ Tutorial လေးကို လေ့လာနိင်ပါသည်။ ဒီ Video လေးကတော့ ဘာအတွက် အဓိကရည်ရွယ်ထားလဲဆိုတော့ ကျနော်တို့ နယ်ဖက်တွေမှာ Small ISP တည်ထောင်ချင်တဲ့သူတွေ, ကိုယ့်ရဲ့ Enterprise ထဲမှာ ရုံးမှာရှိတဲ့သူတွေကို PPPoE ကိုသုံးပီး Bandwidth ကို control လုပ်ချင်တဲ့အခါ, ကိုယ့် Network ထဲမှာ Cisco ရော MikroTik ရောရှိနိုင်တဲ့အတွက် ရည်ရွယ်ပီး လုပ်ပေးဖြစ်လိုက်ခြင်းဖြစ်ပါတယ်။ ဒီထဲမှာ အဓိကသိရမယ့် Technology လေးတွေကတော့ OSPF, Traffic Engineering using OSPF, PPPoE server on MikroTik, PPPoE Client on MikroTik Router, NAT, Failover စတဲ့ Technology လေးတွေပဲဖြစ်ပါတယ်။ ကျနော်ကတော့ PPPoE Server ကိုအသုံးပြုပီး Internet User တွေကို Bandwidth Limitation နဲ့ Internet access ချပေးတဲ့ ပုံစံလေးကို Focus ထားပီးပြောပြပေးထားတာ ဖြစ်ပါတယ် ခင်ဗျာ... Internet ကို အသုံးပြုကြတဲ့ Internet user တွေအနေနဲ့လည်း ကိုယ်ယူထားတဲ့ Service ကို အသုံးပြုတဲ့ အခါမှာ Down Time အနည်းဆုံးဖြစ်အောင် ဘယ်လိုပေးမလဲဆိုတော့ ISP Level မှာ အလုပ်လုပ်နေတဲ့ Engineer တွေအနေနဲ့ သိထားသင့်တဲ့ Lab လေးဖြစ်တဲ့အတွက် အားလုံးကို ကြည့်ပီး အဆင်ပြေပြေလုပ်ဆောင်နိုင်ကြပါစေလို ရည်ရွယ်ချက်လေးနဲ့ ဒီ Video လေးကို Create လုပ်လိုက်ရခြင်းဖြစ်ပါတယ် ခင်ဗျာ။ အားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ.... ကျွန်တော်တို့ Myanmar IT Academy ရဲ့ Telegram channel လေးဖွင့်ထားပါသည်။ website မှာ link ပေးထားပါသည်။ နောက်ပိုင်း Tutorial အသစ်တစ်ခုတင်တိုင်း Telegram မှာပါ တင်ပေးသွားပါမည်။ Tutorial ကို You Tube ကနေ ကြည့်နိုင်သလို ကျွန်တော်တို့ Website ကနေပါ လေ့လာနိုင်အောင် တင်ထားပေးပါသည်။ ကျွန်တော်တို့ လမ်းညွှန်ပေးတဲ့ Video Tutorial တွေ လေ့လာပြီး ကောင်းကောင်းအသုံးချနိုင်ရင် ကျေနပ်ပါပြီဗျာ။

 

 

https://youtu.be/dWUCAnUBzuw

 

Join Our Telegram Channel to Easily Visiting our Site Here

 

Internet Service using PPPoE Server Tutorial