Hello everybody မင်္ဂလာပါခင်ဗျာ။ ကျွန်တော်ဒီနေ့ ညနေတော့ မင်သားအသစ်ရဲ့ EIGRP Tutorial သင်ခန်းစာလေးတစ်ခုတင်ပေးလိုက်ပါသည်။ Tutorial မလေ့လာခင်အောက်မှာ ညီလေး ရဲထက်ကျော်ပြောပြထားတာလေး ဖတ်ပြီလေ့လာနိင်ပါသည်။ ဒီ Video လေးကတော့ EIGRP ကို အဓိကထားပြောပြပေးထားတာပါခင်ဗျ.... EIGRP မှာ သိသင့်သိထိုက်တာတွေဖြစ်တဲ့ Classic Mode, Name Mode, Unequal cost load balancing, summarization, leak-map, stub စတာတွေကို အဓိကထားပြောပြပေးထားတာဖြစ်ပါတယ်ခင်ဗျ... Enterprise Network ကိုချဥ်းကပ်ကြတော့မယ်ဆိုရင် အမျိုးမျိုးသော Routing Protocol တွေကို တွေ့နိုင်ပါတယ်။ အဲ့ဒီထဲကမှ EIGRP ကလည်း အရေးကြီးတဲ့အခန်းကပါ၀င်ပါတယ်။ ဒီ Video လေးကို ကြည့်ကြခြင်းအားဖြင့် Production မှာ EIGRP ကို ကိုင်တွယ်ရတဲ့အခါမှာ Knowledge လေးအနည်းအကျဥ်းရသွားမယ်, Filtering တွေလုပ်တတ်လာမယ်, Loadbalancing လုပ်လို့ရလားမရလား ဆိုတာကိုလည်း စဥ်းစားတွေးခေါ်တတ်သွားမယ်လို့ ကျနော်မျှော်လင့်ပါတယ်ခင်ဗျာ.. ဒီ Video လေးကိုကြည့်လိုက်လို့ အကိုတို့, အမတို့အနေနဲ့ အကျိုးဖြစ်ထွန်းမယ်လို့ယုံကြည်ပါတယ်ခင်ဗျာ... အမှားပါခဲ့ရင်လည်း ကျနော်တစ်ယောက်တည်းရဲ့ အမှားပဲဖြစ်ပါတယ်ခင်ဗျာ ... အားလုံးကျန်းမာပျော်ရွှင် အောင်မြင်ကြပါစေခင်ဗျာ.... Myanmar IT Academy ရဲ့ Telegram channel လေးဖွင့်ထားပါသည်။ website မှာ link ပေးထားပါသည်။ နောက်ပိုင်း Tutorial အသစ်တစ်ခုတင်တိုင်း Telegram မှာပါ တင်ပေးသွားပါမည်။ Tutorial ကို You Tube ကနေ ကြည့်နိုင်သလို ကျွန်တော်တို့ Website ကနေပါ လေ့လာနိုင်အောင် တင်ထားပေးပါသည်။ ကျွန်တော်တို့ လမ်းညွှန်ပေးတဲ့ Video Tutorial တွေ လေ့လာပြီး ကောင်းကောင်းအသုံးချနိုင်ရင် ကျေနပ်ပါပြီဗျာ။
https://youtu.be/j26aUhzaPeo
Join Our Telegram Channel to Easily Visiting our Site Here
0 Comments