Hello Everybody ကျွန်တော် ဒီနေ့တော့ Ubuntu ပေါ် မှာ Boot Stick လုပ်တဲ့ သင်ခန်းစာလေးကို သင်ပေးလိုက်ပါသည်။ ဆရာ Linux ပေါ် မှာ Boost Stick လုပ်ရင် ဘယ် Tools လေးကောင်းသလဲဆိုပြီ အရင်ကလဲ ကျွန်တော် ကို ခဏခဏ လာမေးကြတဲ့ ကိစ္စပါ ဟိုရက် ကမနက်စောစော အိပ်ယာနိုးတုန်း ဒီသင်ခန်းစာလေးကို Record လုပ်ပေးလိုက်ပါသည်။ Ubuntu ပေါ် မှာ Boot Stick လုပ်မယ်ဆိုရင် ubuntu ပေါ် ထဲ့မှာ Buit in ပါပြီ သား Startup Disk Creator သုံးမယ်ဆိုရင်လဲ အဆင်ပြေပါသည်။ ကျွန်တော် အခု သုံးပြထားတဲ့ Tools ကတော့ Fedora Media Writer ဆိုတဲ့ App ပါ၊ ဒီ Tools လေးက Microsoft မှာဆိုရင် Windows Media Creater Tools လိုမျိုးပါပဲ Fedora OS Image တွေကို လဲ အဲဒီ Tools လေးပေါ် ကနေ တိုက်ရိုက် Download လုပ်လို့ရလို Boost Stick လဲ ပြုလုပ်လို့ရပါသည်။ နောက်တစ်ခု ထူးခြားတာက Fedora Media Writer App က Linux base သီးသန့်မဟုတ်ပဲ Microsoft,Mac OS တွေ အတွက်ပါ ထုတ်ထားပေးပါသည်။ ကျွန်တော် ဒီ Tutorial ထဲ့မှာ Microsoft Windows ပေါ် မှာ ဘယ်လိုသုံးရတာလဲ အကြမ်းမျဥ်းပြောပြပေးထားပြီ Ubuntu ပေါ် မှာ Fedora Media Writer ကို Install ပြုလုပ်တာပြထားပြီ Centos Mini Core OS ISO Image လေးတစ်ခုကို Boot Stick လုပ်တာလေး သင်ပေးထားပါသည်။ Fedora Media Writer ကို စမ်းသုံးချင်သောသူများအတွက် Website ထဲ့မှာ Fedora Media Writer App ရဲ့ Official Website Link ကို ပါ ထည့်ပေးထားပါသည်။ ကျွန်တော်တင်ပေးတဲ့Tutorial ကို You Tube ကနေ ကြည့်နိုင်သလို ကျွန်တော်တို့ Website ကနေပါ လေ့လာနိုင်အောင် တင်ထားပေးပါသည်။ ကျွန်တော်တို့ Myanmar IT Academy ရဲ့ Telegram channel လေးဖွင့်ထားပါသည်။ website မှာ link ပေးထားပါသည်။ Tutorial အသစ်တစ်ခုတင်တိုင်း Telegram မှာပါPost တင်ပေးဖြစ်ပါသည်။ ကျွန်တော်တို့ လမ်းညွှန်ပေးတဲ့ Video Tutorial တွေ လေ့လာပြီး ကောင်းကောင်းအသုံးချနိုင်ရင် ကျေနပ်ပါပြီဗျာ။

 

https://youtu.be/4Oj6Lp2ZZ6Y

 

 

Using Fedora Media Writer Video Tutorial

 

 

Join Our Telegram Channel to Easily Visiting our Site Here