Hi အမျိုးတွေ ဒီနေ့ညနေတော့ ကျွန်တော် အချိန်ရတုန်းလေး Computer Basic သင်ခန်းစာ ၁ခု ထပ်တင်ပေးလိုက်ပါသည်။ Introduction of Computer System Part 2 မှာ PC တစ်လုံးမှာပါတဲ့ CPU,RAM, Hard Disk,Power Supply စတဲ့ Components တွေ ၁ခုခြင်းဆီ အကြမ်းမျဉ်း နားလည်သွားနိင်အောင် ရှင်းပြပေးထားပါသည်။ Tutorial က အချိန် ၁နာရီစာလောက် ဖြစ်သွားပါသည်။ လေ့လာမယ့်သူတွေက ၁၀ မိနစ်လောက် အချိန်ရရင် ၁၀မိနစ် လောက်လေ့လာပြီ Note မှတ်ပြီ လေ့လာပေါ့ဗျာ။ နောက်ထပ် ထပ်လေ့လာမယ့်ဆိုရင် ခုနက နားထားတဲ့ ၁၀မိနစ်နောက်ကနေ စပြီပြန်လေ့လာပေါ့ဗျာ။ နည်းပညာ စာအုပ်ဖတ်တာပဲဖြစ်ဖြစ် Tutorial လေ့လာတာပဲဖြစ်ဖြစ် ကျွန်တော် အရင် ပြောဖူးပါတယ်။ ငယ်ငယ်က ဝတ္ထု စာအုပ်ဖတ်သလို Series ရုပ်ရှင်ကြည့်သလို တစ်ခါထဲ့ အပြီး ဖတ်တာမျိုးကို မလုပ်သင့်ပါ။ Tutorial or Ebook က ပြီးသွားလိမ့်မယ် ၊ ခေါင်းထဲမှာ ကိုယ့်လေ့လာမယ့် နည်းပညာတွေက စနစ်တကျ နားမလည်၊ မမှတ်သားနိင်ရင် အချိန်ကုန် တာပဲအဖတ်တင်ပါသည်။ ဒီအကြောင်းအရာတစ်ခုကို အချိန်တစ်ခုပေးပြီ လေ့လာ သေချာ ပြန်စမ်း Note မှတ်သင့်တာတွေ စနစ်တကျ ပြန်မှတ်သား၊ အဲလိုမျိုး လေ့လာကြဖို့ အရေးကြီးပါသည်။ အိုကေ ဒါလေးကြုံတုန်း ပြန်ပြောပြပေးလိုက်ပါသည်။ ကျွန်တော် လေ့လာြဖစ်တဲ့ နည်းပညာ တွေ ကို ပြန်လေ့လာလို့ရအောင် Tutorial ကို You Tube ကနေ ကြည့်နိုင်သလို ကျွန်တော်တို့ Website ကနေပါ လေ့လာနိုင်အောင် တင်ထားပေးပါသည်။ ကျွန်တော်တို့ အခမဲ့ Share ပေးနေတဲ့ Video Tutorial တွေ လေ့လာပြီး ကောင်းကောင်းအသုံးချနိုင်ရင် ကျေနပ်ပါပြီဗျာ။
https://youtu.be/_WJOP4t996Y
Computer Basic Introduction of Computer System Part 2
0 Comments