Hi အမျိုးတွေ ဒီနေ့ညတော့ ကျွန်တော် Tutorial တစ်ခု share ပေးလိုက်ပါသည်။ ဒီ Tutorial ကတော့ Networking, Network Automation, Linux base Web server,SQL Server, Linux Server Administration တွေ Lab တွေလုပ်ဖို့အတွက် အရမ်းမိုက်တဲ့ Server လေးလို့ပြောရင်မမှားဘူးဗျာ။ ကျွန်တော်တို့ 2015-2016 ခုနှစ်ဝန်းကျင် လောက်မှာ စသုံးလာခဲ့တဲ့ EVE-ng ကို အခုအချိန်မှာ Networking Lab တွေ လုပ်နေတဲ့သူတွေက မသိတဲ့သူ မရှိ သလောက်ဖြစ်နေပြီလို့ ပြောလို့ရပါသည်။ Networking သမား တစ်ယောက်ဖြစ်ပြီ EVE-ng ကို သေချာ မသုံးဖူးဘူးဆိုရင် နတ်ပြည် မရောက်ဖူးတဲ့ သူလို့တောင် ပြောလို့ရပါသည်။ :D :D ဘာကြောင့် ဒီလိုပြောသလဲဆိုတော့ ပြီးခဲ့တဲ့နှစ်တွေက Cisco ကို CCIE အထိ Lab Examတွေ အောင်သွားတဲ့ ညီအကိုတွေတိုင်း EVE-ng ထဲ့မှာပဲ Enterprise Level Lab တွေ လုပ်သွားတာ ကျွန်တော် ခဏခဏသတိထားမိလို့ပါ။ ကျွန်တော် အခု Tutorial ထဲ့ Sharing လုပ်ပေးမယ့် PNETLab က တော့ EVE-ng ကို Upgrade လုပ်ပြီ ပြန် Develop လုပ်ထားပြီ လုံးဝကို Free Platform အဖြစ် ပြန်ထုတ်ထားတဲ့သဘောပါ။ PNETLab ကို ကျွန်တော် အခုမှ ပြောပြဖြစ်ပေမယ့် သိတဲ့ နည်းပညာသမားတွေကတော့ သိနေလောက်ပါပြီ၊ ကျွန်တော် အခု Share ပေးတာ မသိသေးသူအတွက်ပေါ့ဗျာ။ PNETLab ကို စသုံးမယ့်သူတွေက EVE-ng ကို ရင်းနှီးပြီးသားဆိုရင်တော့ PNETLab ကို တန်းသုံးဖို့ အဆင်ပြေပါသည်။ EVE-ng က Community Version က Free ပေးထားတာြဖစ်ပြီ၊ Professional Version ကတော့ ဝယ်သုံးရတာမျိူးပါ။ EVE-ng ကို ကျွန်တော်တို့ ကသုံးလာတာ ၆နှစ်လောက်တောင်ဖြစ်လာတော့ နောက်ပိုင်း Version အသစ်ကို အသုံးပြု ချင်တာကြာပြီ၊ EVE-ng Version အသစ်လိုမျိုး Lab စမ်းဖို့ ကျွန်တော် လိုက်ရှာရင်းနဲ့ အခု PNETLab ကို တွေ့ပြီ စမ်းသုံးမိတာဖြစ်ပါသည်။ အခု PNETLab က EVE-ng ကို Professional Version အတိုင်း Free ပြန်သုံးလို့ရအောင် Develop လုပ်ထားတာမျိုးပါ။ Device တွေကတော့ ကိုယ်ဟာကိုယ့် တစ်ခုဆီ ပြန် ထည့်ရမှာဖြစ်ပါသည်။ ကျွန်တော်တို့ EVE-ng မှာ Lab စမ်းဖို့ Router,FW , Server တွေကိုသီးသန့် Console App တွေ ဖြစ်တဲ့ Secure CRT,XShell စတာ တွေပြန်သုံးရတာတွေ ရှိပါသည်။ဘာကြောင့်သုံးရသလဲ ဆိုတော့ Cli Command တွေကို စာ သင်တာပဲဖြစ်ဖြစ်၊ Lab စမ်းတာ ပဲဖြစ်ဖြစ် Fonts Size ကို Customize လုပ်ဖို့ သုံးကြတာဖြစ်ပါသည်။ အခု PNETLab မှာတော့ Defalut Console အပြင် HTML Console တွေ ပါလာတော့ Lab စမ်းရင် Device တွေကို တစ်ခြား Console App တွေ ထပ်သုံးစရာမလိုပဲ Fonts Size တွေ ကိုသေချာ လုပ်ထားပေးတော့ အရမ်းအဆင်ပြေပါသည်။ EVE-ng, အခု PNETLab တို့က လွယ်လွယ်ပြောရရင် Ubuntu ပေါ်မှာ Customize လုပ်ထားတဲ့ Hypervisor တွေပါပဲဗျာ။ အခု PNETLab မှာ သူတို့ရဲ့ Repo ကနေ linux server image တွေကို Docker image ပုံစံမျိုး ပြန်ချထားတာတွေ ပါလာတော့ Linux Server Administration, SQL, Web Server, Network Automation တွေ Lab လုပ်ဖို့အတွက် image တွေကို တန်း Download လုပ်ပြီ အသုံးပြုလို့ရပြီဗျာ။ ဒီ တစ်ခုကတော့ PNETLab ကို အကြိုက်ဆုံးလို့ ပြောလို့ရပါသည်။ ကျွန်တော် အခု Tutorial ထဲ့မှာ PNETLab ကို VMware Esxi 8.0 ထဲ့ကို run ပြထားပါသည်။ သာမန် Lab စမ်းတဲ့သူတွေကတော့ မိမိ PC ထဲ့က VMware Workstation ထဲ့မှာ run ပြီ သုံးပေါ့ဗျာ။ နောက်တစ်ခုထူးခြားတာကတော့ Lab စမ်းဖို့ Diagram ဆွဲဖို့ပျင်းနေသော သူတွေ အတွက် လဲ Lab တွေကို Download လုပ်ဖို့ Store ပါ ရှိပါသေးသည်။ :D :D PNETLab ရဲ့ အသုံးဝင်ပုံတွေကို ကျွန်တော် Tutorial ထဲ့မှာ ထပ်ရှင်းပြထားပါသည်။ စိတ်ဝင်စားသူများ Tutorial ထဲ့မှာ သေချာလေး လေ့လာပြီ အသုံးပြုချင်တဲ့သူတွေ PNETLab ကို Download လုပ်ပြီ စမ်းသုံးကြည့်ကြပေါ့ဗျာ။ PNETLab,EVE-ng တို့ကို အသေးစိတ် သေချာလေးသုံးတတ်ဖို့ဆို Linux Server တွေကို အခြေခံ Manage လုပ်တဲ့ သဘောတရားတွေနဲ့ Virtualization အကြောင်းတွေကို Theory သိယုံမဟုတ်ပဲ စနစ်တကျ သိထားဖို့ အရေးကြီးပါသည်။ PNETLab ကို Tutorial ကြည့်ပြီ စမ်းသုံးမယ့်သူတွေအတွက် PNETLab ကို Download လုပ်နိင်အောင် ကျွန်တော် Website မှာ Download Link ပါ ထည့်ပေးထားပါသည်။ ကျွန်တော် လေ့လာြဖစ်တဲ့ နည်းပညာ တွေ ကို ပြန်လေ့လာလို့ရအောင် Tutorial ကို You Tube ကနေ ကြည့်နိုင်သလို ကျွန်တော်တို့ Website ကနေပါ လေ့လာနိုင်အောင် တင်ထားပေးပါသည်။ ကျွန်တော်တို့ အခမဲ့ Share ပေးနေတဲ့ Video Tutorial တွေ လေ့လာပြီး ကောင်းကောင်းအသုံးချနိုင်ရင် ကျေနပ်ပါပြီဗျာ။
https://youtu.be/RJZGolfByqg
PNETLab Deploy on VMware Esxi 8.0
0 Comments