Hi အမျိုးတွေ ဒီနေ့ညတော့ Mikrotik 7.8 Qemu image ကို Pnetlab ထဲ့ ပြီး အသုံးပြုတဲ့ Tutorial တစ်ခုကို Website မှာ ပြန်တင်ထားပေးပါသည်။ Pnetlab ထဲ့ ကိုထည့်ပြီး အသုံးပြုပြပေမယ့် EVE-ng ထဲ့ထည့်သွင်းပြီး အသုံးပြုမယ့်ဆိုလဲ သဘောတရားကတူတူပါပဲဗျာ။ ကျွန်တော် လွန်ခဲ့တဲ့ ၅နှစ်လောက် တုန်းက Mikrotik os version အနိမ့်ကို EVE-ng ထဲ့ ကို ထည့်ပြီး အသုံးပြုတာလဲ တင်ပေးဖူးပါသည်။ အခု ကျွန်တော် ဒီနှစ်ထဲ့ Mikrotik သီးသန့်အတန်းတွေ စာသင်ဖြစ်တော့ ဆရာ Mikrotik 7.0 တွေ အခုနောက်ပိုင်း Router အသစ်တွေမှာပါလာပြီး အသုံးပြုပုံတွေ ကွဲသွားတယ်ဆို ပြီး မေးကြတော့ ကျွန်တော်ဆီသင်တန်းတက်နေတဲ့ NE အတန်း၊Mikrotik သီးတန်းအတန်းက ကျောင်းသားတွေကော၊ Online ပေါ်က လေ့လာမယ့်သူတွေပါ Lab စမ်းလို့ရအောင် အခု Tutorial လေးကို လုပ်ပေးလိုက်ပါသည်။ Mikrotik OS 7.0 က ထွက်တာ ၁နှစ်ကျော်ပြီးတောင် ပြောလို့ရပါသည်။ 7.0 မှာ OSPF,BGP, Radius Package တွေက အစ ရင်6.0 version တွေ တုန်းကလို မဟုတ်တော့ပဲ တော်တော်လေး အပြောင်းအလဲ ဖြစ်သွားပါသည်။ လုပ်ငန်းခွင်ထဲ့ Mikrotik သုံးသူများအနေနဲ့ 7.0 Version ကို ရင်းနီးအောင် စမ်းသုံးကြည့်ကြပေါ့ဗျာ။ အခုကျွန်တော် သုံးပြတဲ့ image က Mikrotik os 7.8 အတွက်ဖြစ်ပါသည်။ ကျွန်တော်ဟို အရင်နှစ်တွေကလဲ Qemu Manager ကနေ Qemu image တွေ ဘယ်လို Create လုပ်သလဲဆိုတာ တွေလဲ share ပေးဖူးပါသည်။ အခု Tutorial မှာလဲ နောက်ပိုင်း Mikrotik OS Version အသစ်တွေ ထပ်ထွက်လာရင် ကိုယ်တိုင် Qemu image တွေ create လုပ်မယ့်ပုံတွေလဲ ပြောပြပေးထားပါသည်။ ကျွန်တော် အခုနှစ်ထဲ့ Pnetlab ကို သုံးဖြစ်ရင်း အရင်က မလုပ် ပေးဖြစ်တဲ့ Record တွေလဲ အချိန်ရရင် ရသလို ထပ်လုပ်ပြီး တင်ပေးသွားပါမည်။ အခု Tutorial ထဲ့ အသုံးပြုထားတဲ့ Mikrotik os 7.8 Qemu image ကိုလဲ ကျွန်တော် တို့ Telegram Channel ကနေ ပြန် Share ပေးသွားပါမည်။ ကျွန်တော် လေ့လာြဖစ်တဲ့ နည်းပညာ တွေ ကို ပြန်လေ့လာလို့ရအောင် Tutorial ကို You Tube ကနေ ကြည့်နိုင်သလို ကျွန်တော်တို့ Website ကနေပါ လေ့လာနိုင်အောင် တင်ထားပေးပါသည်။ ကျွန်တော်တို့ အခမဲ့ Share ပေးနေတဲ့ Video Tutorial တွေ လေ့လာပြီး ကောင်းကောင်းအသုံးချနိုင်ရင် ကျေနပ်ပါပြီဗျာ။
https://youtu.be/E_wE3eVvISc
How to add Mikrotik 7.8 Qemu image on Pnetlab
Join Our Telegram Channel to Easily Visiting our Site Here
0 Comments