Spanning Tree Protocol (STP - IEEE 802.1D) Layer 2 Loop Prevention Guide
(Burmese Language)
STP (Spanning Tree Protocol - IEEE 802.1D) ဆိုတာ Layer 2 (Switching) Network တွေမှာ Redundancy (လမ်းကြောင်းအပို) ထားတဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ Layer 2 Loops တွေကို တားဆီးပေးတဲ့ Protocol ဖြစ်ပါတယ်။
Switch တွေကို Loop ဖြစ်အောင် ချိတ်ဆက်ထားတဲ့အခါ Layer 2 Frame Header မှာ IP Header လို TTL (Time To Live) တန်ဖိုး မပါတဲ့အတွက် Broadcast Storm၊ MAC Address Table Instability နဲ့ Multiple Frame Transmission စတဲ့ ပြဿနာတွေ တက်ပြီး Network တစ်ခုလုံး Down သွားနိုင်ပါတယ်။ STP က လမ်းကြောင်းအပို (Redundant link) တွေထဲက တစ်ခုကို Blocking (Logical အရ ပိတ်ထားခြင်း) လုပ်ပြီး Loop ကင်းရှင်းတဲ့ Tree ပုံစံ Topology တစ်ခုကို တည်ဆောက်ပေးပါတယ်။
-------------------------------------------
STP အလုပ်လုပ်ပုံ Step-by-Step အဆင့်ဆင့်
STP စတင်အလုပ်လုပ်ပြီဆိုတာနဲ့ Switch တွေအချင်းချင်း BPDU (Bridge Protocol Data Unit) လို့ခေါ်တဲ့ Control Frame တွေကို ၂ စက္ကန့်တစ်ကြိမ် (Hello Time) ပို့ဆောင်ပြီး အောက်ပါ အဆင့် (၄) ဆင့်အတိုင်း ဆုံးဖြတ်ပါတယ်။
-------------------------------------------
Step 1: Root Bridge ရွေးချယ်ခြင်း (Elect the Root Bridge)
Network တစ်ခုလုံးရဲ့ ဗဟိုချက် (Reference Point) အဖြစ် Root Bridge တစ်လုံးကို အရင်ဆုံး ရွေးချယ်ပါတယ်။
* ရွေးချယ်ပုံစံ: Bridge ID (BID) တန်ဖိုး အနည်းဆုံး (Lowest BID) ရှိတဲ့ Switch က Root Bridge ဖြစ်လာပါတယ်။
* Bridge ID (8 Bytes) ဖွဲ့စည်းပုံ:
1. Bridge Priority (2 Bytes): Default တန်ဖိုးမှာ 32768 ဖြစ်ပါတယ်။ (4096 ရဲ့ ဆတိုးများဖြင့်သာ ပြင်ဆင်နိုင်ပါတယ် - ဥပမာ 0, 4096, 8192...)။ VLAN တစ်ခုချင်းစီအတွက် တွက်ချက်တဲ့ PVST+ မှာတော့ Priority + VLAN ID (ဥပမာ VLAN 10 ဆိုရင် 32768 + 10 = 32778) ကို ယူပါတယ်။
2. Base MAC Address (6 Bytes): Priority တန်ဖိုးချင်း တူနေခဲ့ရင် Switch ရဲ့ MAC Address အနည်းဆုံး (အစောဆုံး/အငယ်ဆုံး) ရှိတဲ့ Switch က Root Bridge ဖြစ်ပါတယ်။
Best Practice: Root Bridge ကို Default တိုင်း မထားဘဲ Core/Distribution Switch ကို Priority 4096 (သို့) 8192 ပေးပြီး Manual သတ်မှတ်ထားသင့်ပါတယ်။
-------------------------------------------
Step 2: Non-Root Bridge များပေါ်တွင် Root Port (RP) ရွေးချယ်ခြင်း
Root Bridge မဟုတ်တဲ့ ကျန် Switch (Non-Root Bridge) တိုင်းမှာ Root Bridge ဆီကို ရောက်ဖို့ အနီးဆုံးနဲ့ အကောင်းဆုံး လမ်းကြောင်းဖြစ်တဲ့ Root Port (RP) တစ်ခုစီ ရှိရပါမယ်။ (Switch တစ်လုံးမှာ RP တစ်ခုပဲ ရှိပါတယ်)။
* ရွေးချယ်ပုံ Tie-Breaker အစဉ်လိုက် (၄) ဆင့်:
1. Lowest Root Path Cost: Root Bridge ဆီရောက်ဖို့ ဖြတ်သန်းရတဲ့ Link တွေရဲ့ Cost စုစုပေါင်း အနည်းဆုံး လမ်းကြောင်းကို ရွေးပါတယ်။
2. Lowest Sender Bridge ID: Path Cost တူနေရင် တစ်ဖက်က ချိတ်ဆက်ထားတဲ့ Upstream Switch ရဲ့ BID အနည်းဆုံးဘက်ကို ရွေးပါတယ်။
3. Lowest Sender Port ID: Upstream Switch တစ်လုံးတည်းကို Link ၂ ကြိုးနဲ့ ချိတ်ထားလို့ BID လည်း တူနေရင် တစ်ဖက် Switch ရဲ့ Port ID (Port Priority + Port Number - ဥပမာ Gi0/1 နဲ့ Gi0/2 ဆိုရင် Gi0/1) အနည်းဆုံးဘက်ကို ရွေးပါတယ်။
4. Lowest Local Port ID: အထက်ပါ ၃ ချက်လုံး တူနေသေးရင် မိမိ Switch ဘက်က Port ID အနည်းဆုံး Port ကို ရွေးပါတယ်။
STP Link Cost ဇယား (IEEE 802.1D Standard):
- 10 Mbps : Cost (Short / 802.1D) = 100 | Cost (Long / 802.1t) = 2,000,000
- 100 Mbps : Cost (Short / 802.1D) = 19 | Cost (Long / 802.1t) = 200,000
- 1 Gbps : Cost (Short / 802.1D) = 4 | Cost (Long / 802.1t) = 20,000
- 10 Gbps : Cost (Short / 802.1D) = 2 | Cost (Long / 802.1t) = 2,000
------------------------------------------
Step 3: Network Segment တိုင်းတွင် Designated Port (DP) ရွေးချယ်ခြင်း
Switch ၂ လုံးကြားက ချိတ်ဆက်ထားတဲ့ Cable/Segment တစ်ခုချင်းစီတိုင်းမှာ Data တွေ ပို့/လက်ခံ လုပ်ပေးမယ့် Designated Port (DP) တစ်ခုစီ ရွေးချယ်ရပါတယ်။
* Root Bridge ရဲ့ Port အားလုံးသည် အမြဲတမ်း Designated Port (DP) များ ဖြစ်ကြပါတယ်။
* ကျန် Segment များအတွက် ရွေးချယ်ပုံ:
1. အဆိုပါ Segment ပေါ်ရှိ Switch ၂ လုံးအနက် Root Bridge ဆီသို့ Root Path Cost အနည်းဆုံး ရှိသော Switch ဘက်မှ Port သည် DP ဖြစ်သည်။
2. Path Cost တူနေပါက Sender Bridge ID အနည်းဆုံး Switch ဘက်မှ Port သည် DP ဖြစ်သည်။
-------------------------------------------
Step 4: ကျန်ရှိသော Port များကို Blocking (Non-Designated) လုပ်ခြင်း
Step 2 မှာ Root Port (RP) လည်း မဖြစ်၊ Step 3 မှာ Designated Port (DP) လည်း မဖြစ်ဘဲ ကျန်နေခဲ့တဲ့ Port တွေအားလုံးကို Blocking State (Alternate/Non-Designated Port) အဖြစ် ပိတ်ချလိုက်ပါတယ်။
* ဒီ Blocking Port က User Data Frame တွေကို Forward မလုပ်တော့သလို MAC Address ကိုလည်း Learn မလုပ်တော့ပါဘူး။
* သို့သော် တစ်ဖက်က ပို့လာတဲ့ BPDU Frame တွေကိုတော့ ဆက်လက် နားထောင် (Listen) နေပါတယ်။ ဒါမှ မူလ Active Link ပြတ်တောက်သွားတဲ့အခါ Blocking Port ကို ပြန်ဖွင့်ပြီး Failover လုပ်နိုင်မှာ ဖြစ်ပါတယ်။
------------------------------------------
STP Port States များ (802.1D Classic STP)
Classic STP မှာ Port တစ်ခု Blocking ကနေ Data ပို့နိုင်တဲ့ Forwarding အဆင့်ရောက်ဖို့ စုစုပေါင်း ၃၀ မှ ၅၀ စက္ကန့် အထိ ကြာမြင့်ပါတယ်။
1. Blocking (20 sec - Max Age): BPDU ကိုသာ လက်ခံနားထောင်သည်။ Data မပို့၊ MAC မမှတ်။
2. Listening (15 sec - Forward Delay): BPDU တွေ အပြန်အလှန် ပို့/လက်ခံပြီး Topology ပြောင်းလဲမှုကို တွက်ချက်သည်။ Data မပို့၊ MAC မမှတ်။
3. Learning (15 sec - Forward Delay): Data Frame တွေ မပို့သေးသော်လည်း MAC Address Table ကို စတင် တည်ဆောက်သည်။
4. Forwarding: ပုံမှန်အတိုင်း Data Frame များကို ပို့ဆောင်ခြင်း၊ လက်ခံခြင်း ပြုလုပ်သည်။
(မှတ်ချက် - Admin က shutdown လုပ်ထားရင် Disabled State ဖြစ်ပါတယ်)
------------------------------------------
STP မျိုးကွဲများ (STP Variants)
* CST (Common Spanning Tree - 802.1D): VLAN အားလုံးအတွက် STP Instance တစ်ခုတည်းသာ အလုပ်လုပ်သည်။
* PVST+ (Per-VLAN Spanning Tree Plus): Cisco Proprietary ဖြစ်ပြီး VLAN တစ်ခုချင်းစီအတွက် သီးခြား Root Bridge နဲ့ Load Balancing လုပ်နိုင်သည်။
* RSTP (Rapid STP - 802.1w): Convergence အချိန်ကို စက္ကန့် ၃၀-၅၀ ကနေ ၁-၂ စက္ကန့်အတွင်း မြန်ဆန်အောင် မြှင့်တင်ထားသည်။ (Blocking နှင့် Listening ကို Discarding အဖြစ် ပေါင်းလိုက်သည်)။
* MSTP (Multiple STP - 802.1s): VLAN အများကြီးကို Instance အနည်းငယ်ထဲ စုစည်းပြီး CPU/Memory သက်သာအောင် လုပ်ဆောင်ပေးသည်။
-------------------------------------------
လက်တွေ့ Deployment အတွက် အရေးကြီး Feature များ
* PortFast: End Device (PC, Server, Printer, IP Camera) ချိတ်ထားတဲ့ Access Port တွေမှာ စက္ကန့် ၃၀ မစောင့်ဘဲ ချက်ချင်း Forwarding State ရောက်အောင် ဖွင့်ပေးရပါတယ်။
* BPDU Guard: PortFast ဖွင့်ထားတဲ့ Port မှာ မတော်တဆ Switch တစ်လုံး လာချိတ်မိပြီး BPDU ဝင်လာခဲ့ရင် Loop မဖြစ်အောင် အဲဒီ Port ကို ချက်ချင်း err-disabled (ပိတ်ချ) လုပ်ပေးပါတယ်။
* Root Guard: မသက်ဆိုင်တဲ့ Switch တစ်လုံးက Priority အနည်းဆုံးထားပြီး Root Bridge နေရာ လာလုတာကို ကာကွယ်ပေးပါတယ်။
Note by Myat Than Tint
#NetworkingNote
#20 Nov 2026
0 Comments