Hello Everybody ကျွန်တော် ဒီနေ့ နေ့ခင်းမှာ အချိန်ရတုန်းလေး Tutorial အသစ် တစ်ခု တင်ပေးလိုက်ပါသည်။ ဒီ Tutorial လေးကတော့ Mac OS Mojave 10.14 ကို VMware Workstation Pro 15.5 installation လုပ်တာကို သင်ပေးထားတဲ့ Tutorial လေးပါ။ ကျွန်တော် 2017 လောက်တုန်းက Mac OS Snow Leopard ကို Virtual Box မှာ တင်တဲ့ သင်ခန်းစာတွေတင်ပေး ဖူးပါသည်။ အခု Mac OS Mojave 10.14 ကို VMware Workstation Pro မှာ စမ်းသုံးချင်သူများအတွက် ဒီ Tutorial လေးတင်ပေးလိုက်ပါသည်။ Mac OS Mojave 10.14 ကို VMware Workstation Pro မှာ installation လုပ်ဖို့အတွက် VMware Workstation Pro မှာ Mac OS Virtual Machine တွေ create လုပ်နိင်အောင် unlocker tools ‌တွေ နဲ့အရင် Unlock လုပ်တဲ့ပုံစံမျိုး လုပ်ပေးရမှာဖြစ်ပါသည်။ Unlocker ပြုလုပ်ပုံတွေလဲ Tutorial ထဲ့ လမ်းညွန်ပေးထားပါသည်။ unlocker tools အသုံးပြုချိန်မှာ မိမိ PC မှာ internet ရှိဖို့ လိုအပ်ပါသည်။ Mac OS VM create လုပ်လို့ရပြီဆိုရင်တော့ Mac Mojave 10.14 OS image Download လုပ်ထားဖို့ လိုအပ်ပါသည်။ ပြန်စမ်းချင်သူများအတွက် Mac Mojave 10.14 OS image တွေနဲ့ VMware Workstation Pro အတွက် Unlocker tools တွေပါ ကျွန်တော်တို့ Website မှာ တင်ပေးသွားပါမည်။ Mac Mojave 10.14 image ကို Download လုပ်တဲ့သူတွေများရင် Link Error တက်သွားနိင်ပါသည်။ ဒါကြောင့် Download လုပ်ဖို့အချိန် မရှိရင် မိမိ ရဲ့ Google Drive ထဲ့ Copy ကူးပြီသိမ်းထားဖို့အကြံဉာဏ် ပေးလိုက်ပါသည်။ Mac Mojave 10.14 OS installation ပြုလုပ်ချိန်တွင် ကြုံရတဲ့ Date & Time Error ‌တွေကို လဲ Tutorial ထဲ့မှာပြောပြထားပါသည်။ ဒီ Tutorial လေးကို စိတ်ဝင်စားသူများ တစ်ဆင့်ခြင်းဆီ သေချာမှတ်ပြီပြန် စမ်းကြည့်ပါ။ Mac OS installation ပြုလုပ်ရန် သဘောတရားတွေလဲ နားလည်နိင်မှာဖြစ်ပါသည်။ Mac OS Mojave 10.14 ကို VMware Workstation Pro မှာ အသုံးပြုလိုရသွားခဲ့လျှင် :D IOS Device ‌တွေ By Pass လုပ်သူ များအတွက်လဲ အဖိုးတန်မှာဖြစ်ပါသည်။ သေချာလေးကြည့်၍ Note မှတ်ပြီ Lab ပြန်စမ်းကြည့်ပါခင်ဗျာ။ Tutorial ကို You Tube ကနေ ကြည့်နိုင်သလို ကျွန်တော်တို့ Facebook Page or Website ကနေပါ လေ့လာနိုင်အောင် တင်ထားပေးပါသည်။
https://youtu.be/UYjAHcu8AF4
Mac OS Mojave 10.14 Installation on VMware Workstation Pro 15.5 Tutorial
Mac Mojave 10.14 OS Image Download 
 Mac OS VM unlocker for VMware Workstation Pro 15.5 Download