Hello Everybody ကျွန်တော် ဒီနေ့ နေ့ခင်းမှာ အချိန်ရတုန်းလေး Tutorial အသစ် တစ်ခု တင်ပေးလိုက်ပါသည်။ Tutorial Title ကိုတော့ Myanmar Fonts Solution လို့ပေးထားပါသည်။ ရုံးတွေမှာဖြစ်ဖြစ် ၊မိမိ အိမ်က Computer မှာ PyiTaungsu Font ကို အသုံးပြုသူများ အတွက် အခက်အခဲတွေကိုဖြေရှင်းမည့် နည်းလမ်းများကို တစ်ခုခြင်းဆီရှင်းပြပေးထားပါသည်။ PyiTaungsu Font ကို မိမိ Computer မှာ ထည့်သွင်းပြီ ဖတ်တာတို့ ရေးတာတို့ မမှန်ခြင်း။ အရင်တုန်းက Zawgyi Fonts installer ‌တွေ ၂ခုလောက်ထည့်ထားမိတဲ့ အချိန်မှာ PyiTaungsu Font စသုံးတဲ့အချိန်မှာ အဆင်မပြေခြင်း။ အရင်တုန်းက PC အတွက် Viber မှာ Zawgyi Font မှန်အောင် ပြင်ထားသော Font များထည့်သွင်းထားသောကြောင့် PyiTaungsu Font အသုံးပြုတဲ့အချိန်မှာ အဆင်မပြေခြင်း။ PyiTaungsu Font ကို Windows 7,Windows 10 တို့မှာ ဘယ်လိုအမျိုးအစားတွေ အသုံးပြုရသလဲဆိုတာတွေရယ်၊ Windows7,8,10 တို့မှာ Original Arial Fonts များ ပြန်သွင်းပြီ PyiTaungsu Font အဆင်ပြေအောင် အသုံးပြုခြင်း။Zawgyi နဲ့ရိုက်ထားတဲ့စာတွေကို Unicode ပြောင်းခြင်းကို Online or Offline မှာ ဘယ်လိုပြန်ပြောင်းရသလဲဆိုတာလဲ ပြောပြပေးထားပါသည်။နောက်တစ်ခုက ZawGyi နဲ့ ရိုက်ထားပြီးသား Word,excel,powerpoint file တွေကို PyiTaungsu Font နဲ့ရိုက်ထားတဲ့ File တွေအဖြစ် ပြန်ပြောင်းခြင်း။ PyiTaungsu Font Typing Tutor အသစ်မေးနေသောသူများအတွက်လဲ PyiTaungsu Font Typing Tutor အသစ်ကိုဘယ်မှာအသုံးပြုရသလဲ ဆိုတာလဲပြောပြထားပါသည်။ PyiTaungsu Font နဲ့ ပတ်သက်တဲ့ ဝင်လေ့လာလို့ရမယ့် Website ‌တွေကို လဲလမ်းညွန်ပေးထားပါသည်။ နောက်ထပ်တစ်ခုက ကျွန်တော်တို့ လက်ရှိအသုံးပြုနေတဲ့ All in one Setup software ကို အသုံးပြုပြီ PyiTaungsu Fontနဲ့ Keymagic တစ်ခါထဲ့ install လုပ်ပုံကိုလဲပြထား ပေးပါသည်။ ZawGyi အသုံးပြုနေသေးသော User များအတွက် ZawGyi Font နှင့် PyiTaungsu Font ကို မိမိ PC မှာ၂ခုလုံး အဆင်ပြေအောင် အသုံးပြုနိင်အောင်လဲ ပြထားပေးပါသည်။ ကျွန်တော်အခု Tutorial ထဲ့မှာ အသုံးပြုသွားသော PyiTaungsu Font Data များကို ကျွန်တော်တို့ Website မှာ Download လုပ်နိင်အောင် တင်ပေးထားပါမည်။ ဒီ Tutorial လေးကို လေ့လာပြီးသွားရင် PyiTaungsu Font အသုံးပြုချိန်တွင် အဆင်မပြေသော userများ၊ Computer Service သမားများ၊ ရုံးတွေက IT သမားများ Myanmar Fonts နဲ့ ပတ်သက်ပြီ စိတ်ရူပ်စရာမလိုပဲ လွယ်ကူသွားနိင်ပါသည်။ Tutorial ကို You Tube ကနေ ကြည့်နိုင်သလို ကျွန်တော်တို့ Facebook Page or Website ကနေပါ လေ့လာနိုင်အောင် တင်ထားပေးပါသည်။ ကျွန်တော်တို့ လမ်းညွှန်ပေးတဲ့ Video Tutorial တွေ လေ့လာပြီး ကောင်းကောင်းအသုံးချနိုင်ရင် ကျေနပ်ပါပြီဗျာ။

ZawGyi Version =======


 

https://youtu.be/xWSE5fyFcdg

 

 

Myanmar Fonts Solution Tutorial

 

PyiTaungsu Fonts Data Collection