Hello Everybody ကျွန်တော် ဒီနေ့တော့ Windows 11 နဲ့ပတ်သက်တဲ့ Tutorial တစ်ခုတင်ပေးလိုက်ပါသည်။ ကျွန်တော် ပြီးခဲ့တဲ့အပတ်က တင်ပေးတဲ့ WinPE 2021 system boot image ကို စမ်းသုံးရင်းနဲ့ Windows 11 မှာ Login ဝင်ရင် your account is disable. Please see your administrator ဖြစ်နေတဲ့ အချိန်မှာ ဖြေရှင်းတဲ့ နည်းလေးကို Record လုပ်ပေးထားတာပါ။ ကျွန်တော် အရင် က Microsoft ,Linux စတဲ့ os တွေရဲ့ admin passwordကို Reset, change စတဲ့ သင်ခန်းစာတွေကို တင်ပေးဖူးပြီးသားပါ။ ဒီတစ်ခါ သင်ခန်းစာလေးက Windows 11 မှာ login ဝင် ရင် disable ဖြစ်နေတဲ့ account ကိုပါ enable ပြန်လုပ်ပေးပြီ Password ကိုပါ reset ချပြထားတာပါ။ ဒီ winpe 10 , 2021 version ကထူးခြားတာက ကျွန်တော်အရင်တုန်းက password reset ချပြ ဖူးတဲ့ legacy bios မှာ မဟုတ်ပဲ UEFI base Bios ပေါ်မှာ Hard Disk ကို GPT နဲ့ os တင်ထားပြီသား windows 11 ကို သုံးပြထားတာဖြစ်ပါသည်။ အိုကေ စိတ်ဝင်စားသူများ Tutorial ကြည့်ပြီ သေချာပြန်စမ်းကြည့်ကြပါ။ အခုတစ်လော ကျွန်တော်ပြောနေကြ စကားကို ပြန်သတိပေးရရင် အမျိုးတွေအားလုံး ဒီအချိန်မှာ မိမိကိုယ်တိုင်ကော၊မိမိမိသားစုပါ ကျန်းမာရေးအထူးဂရုစိုက်ကြပါခင်ဗျာ။ ကျန်းမာအောင်နေနိင်မယ့် နည်းလမ်းတွေ အကုန်လုံးကို စနစ်တကျ လိုက်နာကြပါ။ ကျွန်တော်အခု တစ်လော Telegram သုံးနေလို့ ကျွန်တော်တို့ Myanmar IT Academy ရဲ့ Telegram channel လေးဖွင့်ထားပါသည်။ website မှာ link ပေးထားပါသည်။ နောက်ပိုင်း Tutorial အသစ်တစ်ခုတင်တိုင်း Telegram မှာပါ တင်ပေးသွားပါမည်။ Tutorial ကို You Tube ကနေ ကြည့်နိုင်သလို ကျွန်တော်တို့ Website ကနေပါ လေ့လာနိုင်အောင် တင်ထားပေးပါသည်။ ကျွန်တော်တို့ လမ်းညွှန်ပေးတဲ့ Video Tutorial တွေ လေ့လာပြီး ကောင်းကောင်းအသုံးချနိုင်ရင် ကျေနပ်ပါပြီဗျာ။

 

 

https://youtu.be/6ZiP5NObSlw

 

 

Join Our Telegram Channel to Easily Visiting our Site Here

 

 

 

How to enable user account & login password reset on windows 11