Hello Everybody မင်္ဂလာပါခင်ဗျာ။ ကျွန်တော်ဒီနေ့ နေ့ခင်းကတော့ ကျွန်တာ်တို့ Myanmar IT Academy Youtube channel ကနေ Networking နဲ့ ပတ်သက်ပြီ Cisco Routing & Switching တွေ ကို ပညာဒါနအနေနဲ့ သင်ပေးသွားမယ့် ညီငယ် ရဲထက်ကျော်ကို မိတ်ဆက်ပေးလိုက်ပါသည်။ ညီလေး ရဲထက်ကျော်က ISP တွေမှာ Network Operation Supervisor အနေနဲ့ လုပ်ကိုင်နေတဲ့သူဖြစ်တဲ့အတွက် လုပ်ငန်းခွင်မှာ ကြုံတဲ့ Routing & Switching Troubleshoot Thinking တွေကို Lab တွေ လုပ်ရင်းနဲ့ သိသင့်တဲ့ Theory တွေကိုပါရှင်းပြသွားတဲ့ ပုံစံ Tutorial တွေ သင်ပေးသွားမှာဖြစ်ပါသည်။ ကျွန်တော် တို့ Myanmar IT Academy က Tutorial တွေ အတိုင်း Exam ကိစ္စတွေ သင်ပေးမှာမဟုတ်ပဲ နည်းပညာနဲ့ Lab တွေ သိသင့်တဲ့ Theory တွေကိုသာ ပြောပြပေးတဲ့ Tutorial တွေ ကို သာတင်ပေးသွားမှာပါ။ နောက်အပတ်ကစပြီ ညီလေး ရဲထက်ကျော်ရဲ့ Tutorial တွေကို တစ်ပတ်ကို တစ်ခုလောက် တင်ပေးသွားမှာဖြစ်ပါသည်။ ပုံမှန်အတိုင်းဆို ကျွန်တော် တစ်ယောက်ထဲ့ပဲ tutorial တွေ လုပ်ဖြစ်တော့ တစ်ပတ်ကို တစ်ခုလောက် တင်ဖြစ်ဖို့လဲ အဆင်မပြေတာတွေ မတင်ဖြစ်တာတွေလဲရှိပါသည်။ အခုလဲ ညီလေး ရဲထက်ကျော်ရဲ့ Tutorial တစ်လှည့် ကျွန်တော် Tutorial တစ်လှည့် တစ်ပတ် ဆီတင်နိင်အောင် ကြိုးစားပေးသွားပါမည်။ ကျွန်တော်တို့က နည်းပညာသမားတွေ ဖြစ်တဲ့အတွက် Tutorial ထဲ့ စကားပြောတာ အဆင်မပြေတာတွေ ဖြစ်နေကြပါ။ စကားပြောတာ အဆင်မပြေတာကို မကြည့်ပဲ ကျွန်တော်တို့ share ပေးတဲ့ နည်းပညာကိုသာ ဦးစားပေး လေ့လာပေးကြပါ။ ညီလေး ရဲထက်ကျော်လဲ အခုမှ Tutorial record စလုပ်တာ ဖြစ်တဲ့အတွက် စကားပြောတာ အဆင်မပြေတာများရှိရင် သည်းခံပေးကြပါလို့၊ ကြိုပြီ request လုပ်လိုက်ပါသည်။ အခုနှစ်ထဲ့ ကျွန်တော် Tutorial အသစ်တွေကိုfacebook မှာ ပြန်မတင်ဖြစ်တော့ပဲ ၊ Youtube နဲ့ ကျွန်တော်တို့ website မှာသာ တင်ပေးတော့မှာပါ။ အမျိုးတွေ အားလုံး ဒီကာလမှာ ကျန်းမာရေး အထူးဂရုစိုက်ကြပါခင်ဗျာ။ စိတ်ညစ် ၊ စိတ်ဓာတ် ကျစရာတွေ ထိုင်တွေးမနေပဲ ကိုယ် စိတ်ဝင်စားရာ ကိုယ် ဝါသနာပါ ရာ ပညာရပ်တွေ ကိုလေ့လာပြီ ဖြတ်သန်းကြပါ လို့ ကျွန်တော် အကြံပေးလိုက်ပါသည်။ ကျွန်တော် အခုတစ်လော ခဏခဏ ပြောနေသလိုပေါ့ဗျာ၊ကျန်းမာအောင် နေနိင်တဲ့ နည်းလမ်းတွေ အကုန် စနစ် တကျ လိုက်နာပြီ နေနိင်ရင် အကောင်းဆုံးပေါ့ဗျာ။ အမျိုးတွေ အားလုံး ကျန်းမာရေးကောင်းမွန် ပြီ ကိုယ့်လေ့လာချင်တဲ့ ပညာတွေကို အေးအေးဆေးဆေးလေ့လာကြနိင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါသည်။
# U Myat Than Tint ( Myanmar IT Academy)
Our Facebook Page
https://www.facebook.com/myanmaritacademy/
Our Facebook Group
https://www.facebook.com/groups/MyanmarITAcademy
Our You Tube Channel ====== https://www.youtube.com/channel/UCBenI6XqH7OoEq5BFRCBREg?sub_confirmation=1
Our Telegram Channel ======== https://t.me/myanmaritacademy
0 Comments