Hello everybody မင်္ဂလာပါခင်ဗျာ။ ကျွန်တော်ဒီနေ့ညတော့ Microsoft Server 2022 ထဲ့မှာ Firewall ထဲ့ကနေ ICMP သီးသန့်ကိုပဲ Deny or Allow လုပ် ဖို့ကို Manual သွားမရေးတော့ပဲ PowerShell ထဲ့ Script ရေးထားတာလေးကို ပေါ့ပေါ့ပါးပါး လေး လေ့လာလို့ရအောင် တင်ပေးလိုက်ပါသည်။ ကျွန်တော်တို့ Micrsoft Windows or Server တွေ စပြီအသုံးပြုပြီဆိုရင် တော်တ်ောများများ Firewall ကို အကုန်သွားပိတ်ထားကြတာများပါသည်။ ကျွန်တော် နောက်ပိုင်း Linux Server နဲ့ပတ်သက်တဲ့ Labတွေ လုပ်ဖြစ်တိုင်း သတိထားမိတာကြာပြီ။ Linux မှာ Firewall ကိုအကုန်မပိတ်ထားပဲ ကိုယ်အသုံးပြုချင်တဲ့ သက်ဆိုင်ရာ Port 80,443 တွေသီးသန့်ပဲ Allow ပေးပြီ သုံးဖြစ်တာများပါသည်။ အခုတင်ပေးတဲ့ Lab လေးကို Record ပြန် လုပ်ပြီ Sharingလုပ်ပေးမယ်ဆိုပြီ မလုပ်ဖြစ်တာ နှစ်နည်းနည်း ကြာသွားတာဆိုပါတော့ ပြီးခဲ့တဲ့ လတွေက Network Automation တွေ လုပ်ဖြစ်တုန်း Microsoft Server မှာ Docker Service တွေ Run ပြီ Tutorial အချို့ တင်ပေးနေရင် PowerShell Script တွေ ပြန်သုံးဖြစ်တော့ အခု Script လေးကို သတိရပြီ Record လုပ်ဖြစ်သွားတာ။ Microsoft Server တွေ Windows တွေ သုံးနေတဲ့ သူတွေက တစ်ခုတစ်ခုဆို Firewall,Defender တွေကို အကုန် အမြဲမပိတ်ထားပဲ ဒါမျိူးလေးတွေကို Firewall ရဲ့ Advanced Setting ထဲ့မှာ Custom Rule တွေ ကောင်းကောင်းရေးလို့ ရပါသည်။ စိတ်ဝင်စားသူများ ဆက်ပြီ ဒါလေးကို လေ့လာပြီ ရင် Test လုပ်ပြီ တစ်ခြား Rule တွေလဲ စမ်းရေးကြည့်ကြပေါ့ဗျာ။ Microsoft Server Core တွေကို Server 2012 မှာ ကတည်းက AD ,DNS,DHCP အစရှိတာတွေကို Command Line နဲ့ ပဲအသုံးပြုပြီ သင်ပေးထားတဲ့ Lab တွေ ကို ကျွန်တော် 2017 လောက်ကတည်းက Youtube မှာ တင်ပေးပြီသားပါ။ နောက်ပိုင်းServer 2019 စထွက်ထွက်ခြင်းမှာလဲ NAT ကို Core ပေါ်မှာ ပဲ run ပြထားတဲ့ Lab တွေလဲ တင်ပေးပြီသားပါ။ အိုကေ ဒါလေးသတိရလို့ ပြန်ပြောပြပေးတာပါဗျာ။ ကျွန်တော် လေ့လာြဖစ်တဲ့ နည်းပညာ တွေ ကို ပြန်လေ့လာလို့ရအောင် Tutorial ကို You Tube ကနေ ကြည့်နိုင်သလို ကျွန်တော်တို့ Website ကနေပါ လေ့လာနိုင်အောင် တင်ထားပေးပါသည်။ ကျွန်တော်တို့ Myanmar IT Academy ရဲ့ Telegram channel လေးဖွင့်ထားပါသည်။ website မှာ link ပေးထားပါသည်။ Tutorial အသစ်တစ်ခုတင်တိုင်း Telegram မှာပါPost တင်ပေးဖြစ်ပါသည်။ ကျွန်တော်တို့ လမ်းညွှန်ပေးတဲ့ Video Tutorial တွေ လေ့လာပြီး ကောင်းကောင်းအသုံးချနိုင်ရင် ကျေနပ်ပါပြီဗျာ။
https://youtu.be/SD3bpvPQXKc
How to Allow or Deny Ping(ICMP) with PowerShell Script From Firewall in Microsoft Server 2022
Join Our Telegram Channel to Easily Visiting our Site Here
0 Comments