Hello everybody မင်္ဂလာပါခင်ဗျာ။ ကျွန်တော်ဒီနေ့ညနေတော့ Microsoft က official ထုတ်ထား ပေးတဲ့ Media Creation Tool အကြောင်းကိုရှင်းပြထားတဲ့ Tutorial လေးတင်ပေးလိုက်ပါသည်။ Media Creation Tool က အခုဆိုရင် Windows 10 အတွက် သီးသန့် ထွက်ထားတာမဟုတ်ပဲ Windows 11 အတွက်ပါဖြစ်နေပြီဖြစ်ပါသည်။ Media Creation Tool ကို သိပြီသား သူတွေရှိပြီသားများမယ်လို့ထင်ပါသည်။ ဒီ Tutorial လေးကမသိသေးသောသူများ ကော၊သိပြီသားသူတွေကော ဒီTool ကို အသုံးပြုရင်ဘာတွေသုံးလို့ရသလဲဆိုတာ ရှင်းပြပေးထားပြီ Media Creation Tool ကို အသုံးပြုပြီ Windows 10 Boot stick Setup လုပ်တာလေးပါ ပြောပြထားပါသည်။ အခု ဒီ Post မှာလဲ စာရေးပြီ Media Creation Tool အကြောင်းလေးကို အကြမ်းမျဉ်း ထပ်ပြောပြပေးလိုက်ပါသည်။ ကျွန်တော် Media Creation Tool ကို သိတာကြာပြီဖြစ်ပေမယ့် သေချာစပြီ သုံးဖြစ်တာက Covid ကာလမှာ Online ကနေ remote နဲ့ လုပ်ပေးရင်းနဲ့ Microsoft Windows တစ်လုံးကို Online ကနေ Direct Upgrade နဲ့လုပ်လို့ရဖို့ရှိတော့ ဒီ Tools ကနေ Microsoft Windows Latest Update တွေကို ကောင်းကောင်းဆွဲ ပြီ OS ကို Upgrade လုပ်ပေးတာအဆင်ပြေခဲ့ပါသည်။ Media Creation Tools က Windows Update တွေလဲ Direct Download လုပ်လို့ရသလို Microsoft က ထွက်တဲ့ Official Windows 10 or အခု ဆို Windows 11 OS Image တွေပါ Download ဆွဲလိုရနိင်ပါသည်။ Windows 11 ဆို Windows 11 Media Creation Tool ကို သုံးပြီ Download ဆွဲပေါ့ဗျာ။ အိုကေ နောက်ဆုံးတစ်ခုက Windows Boot Stick Setup လုပ်တာပေါ့ဗျာ။ ကျွန်တော်တို့ Computer Service သမား တွေ အတွက်ကော၊ ရုံးတွေက IT Support တွေ အတွက် အခုနောက်ပိုင်း Microsoft Windows တွေ setup လုပ်တော့မယ်ဆိုရင် Legacy,UEFI BIOS တွေနဲ့ Boot တက်ဖို့အတွက်ကို ကောင်းကောင်း နားမလည်ထားဖူးဆိုရင် ကျွန်တော်အထင်တော့ အခုနောက်ပိုင်း Microsoft Windows လွယ်လွယ် တင်တတ်မှာ မဟုတ်ဘူး မြင်ပါသည်။ ကျွန်တော်တို့ အရင် ခေတ်တုန်းကလို First Boot CD or USB Boot ပေးရုံနဲ့ Windows တင်ဖို့ ဆိုတာ စက်တိုင်း မဖြစ်နိင်တော့ပါ။ ကိုယ့် Windowsတင်မယ့် စက်ရဲ့ Boot လုပ်ဖို့ BIOS Mode ကို သေချာနားလည်ထားဖို့ လိုအပ်သလို Windows တင်မယ့် Boot Stick ကလဲ Legacy အတွက် သီးသန့် လုပ်ထားတဲ့ Boot Stick ဖြစ်နေရင် UEFI BIOS မှာ တင်ဖို့မဖြစ်နိင်ပါ။ လူတိုင်းက Windows တင်တာက တင်တာလွယ်ပါတယ်ပြောကြလိမ့်မယ်ဗျာ ခက်တာက သေချာ စနစ်တကျ တင် တတ်ဖို့က လိုပါလိမ့်မယ်။ ဘာကြောင့်အဲလို့ပြောရသလဲဆိုတော့ နောက်တစ်ချိန်မှာ Server တစ်လုံးကို ကိုယ်တင်သုံးချင်တဲ့ OS ကို တင်မယ့်ဆိုရင် ရိုးရိုး PC မှာ OS တင်သုံးတဲ့ သဘောတရား တွေ ပိုင်နိင်ထားဖို့လိုပါသည်။ ကျွန်တော် Linux နဲ့ ပတ်သက်တဲ့ Group တွေထဲ့မှာ ကျွန်တော် တစ်ခါခါ မေးနေကြတာတွေ သတိထားမိတယ် Linux OS install လုပ်ပြီ OS က တက်မလာဖူးဆိုတဲ့ မေးခွန်းတွေ ခဏခဏ တွေ့ရတယ် ။နောက်ပိုင်း စက်တွေမှာ UEFI BIOS မှာ Boot တက်ဖို့ဆို EFI Partition တွေ မပါရင်မရတာကို သိတ်မသိကြတာ ခပ်များများ။ Mac OS လဲ ဒီအတိုင်းပဲ UEFI Base တွေ များတဲ့အတွက် EFI နဲ့ပဲအလုပ်လုပ်တာများပါသည်။ ကျွန်တော်တို့ Hackintosh တွေ တင်သုံးဖြစ်တော့ EFI တွေကို Boot တက်ဖို့ ဝင်ပြင်ရတာတွေလဲ ရှိပါသည်။ ရိုးရိုးPC တွေမှာ UEFI,Legacy BIOS Setting တွေ Boot Process တွေကို သေချာနားလည်ထားမှ Server တစ်လုံးကို Hardware Raid လုပ်ပြီ Microsoft ,Linux Server တွေကို တင်တတ်မှာဖြစ်ပါသည်။ အိုကေ ဒါလေးကြုံလိုပြောပြတာဖြစ်ပါသည်။ Windows Boot Stick Setup လုပ်ဖို့ဆို လူအသုံးများဆုံးက rufus tool ပဲ ထင်ပါသည်။ တကယ်လဲကောင်းပါသည်။ Legacy, UEFI BIOS နှစ်ခုလုံးကို Boot တက်ပြီ OS တင်ဖို့အတွက် ဆိုရင် ကိုယ့်ရဲ့ Boot Stick က Legacy,UEFI နှစ်ခုလုံး boot support ပေးတဲ့ Boot Stick ဖြစ်ဖို့အရေးကြီးပါသည်။ ကျွန်တော်တို့အရင်ကဆို Legacy BIOS အတွက်ဆို Boot Stick တစ်ခု၊ UEFI BIOS အတွက်ဆို Boot Stick တစ်ခု၊ထားပြီ အသုံးပြုခဲ့တာများပါသည်။ အဲလို သီးသန့် သုံးတာလဲ ပိုအဆင်ပြေပါသည်။ Rufus tool ကလဲ အဲလို Legacy, UEFI BIOS Mode ၂ခုလုံးကို Boot တက်ပြီ OS Installation လုပ်ဖို့အတွက် Boot Stick တစ်ချောင်းထဲ့နဲ့ အဆင်ပြေပါသည်။ ခက်တာက rufus tool က Legacy ,UEFI ၂ခုလုံး Support ရတယ် ပြောပေမယ့်။ ကျွန်တော်အတွေ့အကြုံအရတော့ စက်တိုင်း အလုပ်လုပ်မလုပ်ပါ။ ကျွန်တော်တို့ 2010 လောက်ကတည်းက IT Technician အဖြစ်အလုပ်လုပ်ကတည်းက Boot Stick Setup App တွေ တော်တော် များများ စမ်းသုံးဖူးခဲ့ပါသည်။ Rafus ကတော့ အကောင်းဆုံး Boot Stick App ထဲ့ကတစ်ခုလို့ ပြောလို့ရပါသည်။ ကျွန်တော်တို့ IT Technician တွေက Boot Stick တစ်ချောင်းထဲ့နဲ့ အသုံးပြုပြီ UEFI ,Legacy BIOS တွေကို Boot တက်ပြီ အသုံးပြုချင်တဲ့အတွက် Tool တစ်ခုပြီ တစ်ခုစမ်းသုံးရင်း ကျွန်တော် ညီတစ်‌ယောက်က သူ သုံးလို့ အဆင်ပြေတယ်လို့ပြောတာနဲ့ အခုကျွန်တော် Tutorial အသုံးပြုပြထားတဲ့ Microsoft က ထုတ်ပေးထားတဲ့ Media Creation Tool ကို Boot Stick စမ်းသုံးကြည့်တာ တော်တော် အဆင်ပြေပါသည်။ Boot Stick တစ်ချောင်းထဲ့နဲ့ Legacy,UEFI BIOS တွေကို စိတ်ကြိုက် Boot တက်ပြီ အမှန်အကန် အသုံးပြုလို့ရနိင်ပါသည်။ Microsoft က ထုတ်တဲ့ Media Creation Tool က အားနည်းချက်လေး တစ်ခုရှိပါသည်။ ဘာအားနည်းချက်ရှိသလဲဆိုတော့ ကျွန်တော် Tutorial ထဲ့ ရှင်းပြထားပါသည်။ ရေးတဲ့ စာရှည်သွားပြီဖြစ်တဲ့အတွက် ဒီနားပဲနားပြီဗျာ။ Tutorial လေးကြည့်ပြီ IT Technician တွေ Media Creation Tool ကို သုံးပြီ လိုအပ်တဲ့ အခက်အခဲ တွေအတွက် အထောက်အကူ ဖြစ်မယ်လို့ ထင်မိပါသည်။ ကျွန်တော် လေ့လာြဖစ်တဲ့ နည်းပညာ တွေ ကို ပြန်လေ့လာလို့ရအောင် Tutorial ကို You Tube ကနေ ကြည့်နိုင်သလို ကျွန်တော်တို့ Website ကနေပါ လေ့လာနိုင်အောင် တင်ထားပေးပါသည်။ ကျွန်တော်တို့ Myanmar IT Academy ရဲ့ Telegram channel လေးဖွင့်ထားပါသည်။ website မှာ link ပေးထားပါသည်။ Tutorial အသစ်တစ်ခုတင်တိုင်း Telegram မှာပါPost တင်ပေးဖြစ်ပါသည်။ ကျွန်တော်တို့ လမ်းညွှန်ပေးတဲ့ Video Tutorial တွေ လေ့လာပြီး ကောင်းကောင်းအသုံးချနိုင်ရင် ကျေနပ်ပါပြီဗျာ။

 

https://youtu.be/NRhcKjduEZw

 

Using Media Creation Tool Tutorial

 

Join Our Telegram Channel to Easily Visiting our Site Here